Connect with us

Hi, what are you looking for?

News

မန်စီမြို့နယ်တွင် KIAနှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

KIA တပ်မဟာ(၃)၊ တပ်ရင်း(၂၇)တပ်ရင်းနယ်မြေသို့ အင်အား ၁၀၀ခန့်ဖြင့် စစ်ရေးလှုပ်ရှားလာ၍ ၎င်းတပ်ဖွဲ့များနားနေချိန် ယမန်နေ့မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ တိုက်ပွဲမှာ မိနစ်၄၀ခန့်ကြာမြင့်ခဲ့ပြီး နှစ်ဖက်အထိအခိုက် အခြေအနေကို ဖော်ပြမထားပေ။

▪️KIA တပ်မဟာနယ်မြေနှစ်ခုသို့ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်

ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ KIA တပ်မဟာ(၃) နယ်မြေသို့ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့(ဇန်နဝါရီ ၁၈)က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က ဖော်ပြသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း(၂၇)တပ်ရင်းနယ်မြေသို့ အင်အား ၁၀၀ခန့်ဖြင့် စစ်ရေးလှုပ်ရှားလာ၍ ၎င်းတပ်ဖွဲ့များနားနေချိန် ယမန်နေ့မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ တိုက်ပွဲမှာ မိနစ်၄၀ခန့်ကြာမြင့်ခဲ့ပြီး နှစ်ဖက်အထိအခိုက် အခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၈ရက် ညနေပိုင်းတွင် KIA တပ်မဟာ(၈)နယ်မြေ မိုးတားကြီး ဒေသသို့ တိုက် လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် KIA တပ်မဟာ(၉) တပ်ရင်း (၄၄) နယ်မြေသို့လည်း စစ်ကောင်စီတပ်၏ ခမရ ၃၈၃၊ ၃၈၄ တပ်မှ လက်နက်ကြီးဖြင့် ၁၅ကြိမ် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုရှိ၊မရှိကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။