Connect with us

Hi, what are you looking for?

LuduNwayOo

News

VPN သုံးရင် ထောင် ၃ နှစ်ထိချဖို့ စစ်ကောင်စီခြေလှမ်းပြင်လာ

VPN ဟာဆိုရင် ကွန်ပျုတာကွန်ယက်တစ်ခုဖြစ်ပြီး အသုံးပြု သူတို့ရဲ့ အချက်အလက်တွေကို လုံခြုံအောင် စွမ်းဆောင်ပေးတဲ့ အင်တာနက် ကြားခံ ဖြစ်ပါတယ်။ ဒါအပြင် ပိတ်ပင်ထားတဲ့ ဝက်ဆိုက်တွေ ၊ လူမှုကွန်ရက်တွေကို VPN သုံးပြီးကြည့်နိုင်ပါတယ်။

VPN သုံးရင် ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေ ကို ပြဌာန်းဖို့ စစ်ကောင်စီဟာ အာဏာသိမ်း တစ်နှစ် ပြည့်ခါနီးမှာ ခြေလှမ်းစလာပါတယ်။

စစ်အာဏာရှင်အမြစ်ဖြုတ်ရေး တော်လှန်ရေးကိုအထောက်အကူ ပြုနေတဲ့ သတင်းအချက်အလက် စီးဆင်းမှု ၊ အွန်လိုင်းသပိတ်တွေ ၊ တော်လှန်ရေးအောင်မြင်ရေးထောက်ပံ့မှုတွေကို ဖြတ်တောက်အရေးယူဖို့ အတွက်စစ်ကောင်စီက ဆိုင်ဘာလုံခြုံရေးဥပဒေ ပြဌာန်းဖို့ ပြင်လာတာပါ။

အဲဒီဥပဒေကြမ်းထဲမှာ ခွင့်ပြုချက်မရဘဲ VPN နည်းပညာ သုံးရင် အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အများဆုံးထောင်ဒဏ် ၃ နှစ် ထောင်ဒဏ်ဖြစ်ဖြစ် ၊ ကျပ်သိန်း ၅၀ ထက်မပိုတဲ့ငွေဒဏ်ဖြစ်စေ ၊ ဒဏ် ၂ ရပ်လုံးကိုဖြစ်စေချနိုင်တယ်လို့ရေးဆွဲထားတာတွေ့ရပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲနေသူ အားလုံးကို အချိန်မရွေးထောင်ထဲ ထည့် အောင်ရည်ရွယ်တာဖြစ်တယ်လို့ ဘလော့ဂါ တစ်ဦးဖြစ်ခဲ့သူ NLD အမတ်ဟောင်း ဦးနေဘုန်းလတ်က ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ လူသုံးများတဲ့ ဖေ့ဘွတ်ခ်အပါအဝင် အင်တာနက်ဝက်ဆိုက်တွေကို ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဒီလိုပိတ်ပင်တာဟာ စစ်တပ်ရဲ့ကျုးလွန်မှုတွေကို ပြည်သူအများသိနိုင်အောင် ဖော်ပြ‌‌ေနတာ ၊ လူမှုကွန်ရက်ဟာ တော်လှန်ရေးကို များစွာအထောက်အကူဖြစ်နေတာကို ဖြတ်တောက်ချင်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေဟာ စစ်ကောင်စီပိတ်ပင်ထားတဲ့ လူမှုကွန်ရက်ကိုသုံးစွဲဖို့အပြင် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လုံခြုံအောင် VPN နည်းပညာ ကို အသုံးပြုနေကြရတာပါ။

VPN ဟာဆိုရင် ကွန်ပျုတာကွန်ယက်တစ်ခုဖြစ်ပြီး အသုံးပြု သူတို့ရဲ့ အချက်အလက်တွေကို လုံခြုံအောင် စွမ်းဆောင်ပေးတဲ့ အင်တာနက် ကြားခံ ဖြစ်ပါတယ်။ ဒါအပြင် ပိတ်ပင်ထားတဲ့ ဝက်ဆိုက်တွေ ၊ လူမှုကွန်ရက်တွေကို VPN သုံးပြီးကြည့်နိုင်ပါတယ်။

မြန်မာပြည်သူက အင်တာနက် သုံးစွဲသူတိုင်းဟာ VPN ကိုအသုံးပြုနေတာကြောင့် စစ်ကောင်စီပြဌာန်းဖို့ခြေလှမ်းပြင်နေတဲ့ ဥပဒေဟာ မြန်မာနိုင်ငံကို ထောင်ဝန်းနံရံ ခတ်လိုက်သလိုဖြစ်လာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။