Connect with us

Hi, what are you looking for?

News

VPN သုံးရင် ထောင် ၃ နှစ်ထိချဖို့ စစ်ကောင်စီခြေလှမ်းပြင်လာ

VPN ဟာဆိုရင် ကွန်ပျုတာကွန်ယက်တစ်ခုဖြစ်ပြီး အသုံးပြု သူတို့ရဲ့ အချက်အလက်တွေကို လုံခြုံအောင် စွမ်းဆောင်ပေးတဲ့ အင်တာနက် ကြားခံ ဖြစ်ပါတယ်။ ဒါအပြင် ပိတ်ပင်ထားတဲ့ ဝက်ဆိုက်တွေ ၊ လူမှုကွန်ရက်တွေကို VPN သုံးပြီးကြည့်နိုင်ပါတယ်။

VPN သုံးရင် ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေ ကို ပြဌာန်းဖို့ စစ်ကောင်စီဟာ အာဏာသိမ်း တစ်နှစ် ပြည့်ခါနီးမှာ ခြေလှမ်းစလာပါတယ်။

စစ်အာဏာရှင်အမြစ်ဖြုတ်ရေး တော်လှန်ရေးကိုအထောက်အကူ ပြုနေတဲ့ သတင်းအချက်အလက် စီးဆင်းမှု ၊ အွန်လိုင်းသပိတ်တွေ ၊ တော်လှန်ရေးအောင်မြင်ရေးထောက်ပံ့မှုတွေကို ဖြတ်တောက်အရေးယူဖို့ အတွက်စစ်ကောင်စီက ဆိုင်ဘာလုံခြုံရေးဥပဒေ ပြဌာန်းဖို့ ပြင်လာတာပါ။

အဲဒီဥပဒေကြမ်းထဲမှာ ခွင့်ပြုချက်မရဘဲ VPN နည်းပညာ သုံးရင် အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အများဆုံးထောင်ဒဏ် ၃ နှစ် ထောင်ဒဏ်ဖြစ်ဖြစ် ၊ ကျပ်သိန်း ၅၀ ထက်မပိုတဲ့ငွေဒဏ်ဖြစ်စေ ၊ ဒဏ် ၂ ရပ်လုံးကိုဖြစ်စေချနိုင်တယ်လို့ရေးဆွဲထားတာတွေ့ရပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲနေသူ အားလုံးကို အချိန်မရွေးထောင်ထဲ ထည့် အောင်ရည်ရွယ်တာဖြစ်တယ်လို့ ဘလော့ဂါ တစ်ဦးဖြစ်ခဲ့သူ NLD အမတ်ဟောင်း ဦးနေဘုန်းလတ်က ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ လူသုံးများတဲ့ ဖေ့ဘွတ်ခ်အပါအဝင် အင်တာနက်ဝက်ဆိုက်တွေကို ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဒီလိုပိတ်ပင်တာဟာ စစ်တပ်ရဲ့ကျုးလွန်မှုတွေကို ပြည်သူအများသိနိုင်အောင် ဖော်ပြ‌‌ေနတာ ၊ လူမှုကွန်ရက်ဟာ တော်လှန်ရေးကို များစွာအထောက်အကူဖြစ်နေတာကို ဖြတ်တောက်ချင်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေဟာ စစ်ကောင်စီပိတ်ပင်ထားတဲ့ လူမှုကွန်ရက်ကိုသုံးစွဲဖို့အပြင် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လုံခြုံအောင် VPN နည်းပညာ ကို အသုံးပြုနေကြရတာပါ။

VPN ဟာဆိုရင် ကွန်ပျုတာကွန်ယက်တစ်ခုဖြစ်ပြီး အသုံးပြု သူတို့ရဲ့ အချက်အလက်တွေကို လုံခြုံအောင် စွမ်းဆောင်ပေးတဲ့ အင်တာနက် ကြားခံ ဖြစ်ပါတယ်။ ဒါအပြင် ပိတ်ပင်ထားတဲ့ ဝက်ဆိုက်တွေ ၊ လူမှုကွန်ရက်တွေကို VPN သုံးပြီးကြည့်နိုင်ပါတယ်။

မြန်မာပြည်သူက အင်တာနက် သုံးစွဲသူတိုင်းဟာ VPN ကိုအသုံးပြုနေတာကြောင့် စစ်ကောင်စီပြဌာန်းဖို့ခြေလှမ်းပြင်နေတဲ့ ဥပဒေဟာ မြန်မာနိုင်ငံကို ထောင်ဝန်းနံရံ ခတ်လိုက်သလိုဖြစ်လာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။