Connect with us

Hi, what are you looking for?

News

မြန်မာတွင် စစ်ပွဲများရပ်တန့်ရန် တရုတ်တိုက်တွန်းချက်လက်တွေ့ဖြစ်လာမည်မထင်ဟု KIOတာဝန်ရှိသူ သုံးသပ်

စစ်ကောင်စီတပ်များအနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ရှောင်စခန်းများကို လေကြောင်းတိုက်ခိုက်မှုပင် ပါဝင်သည်။

အရပ်ဖက်လူထုအပေါ်ပစ်မှတ်ထား တိုက်ခိုက်နေမှု မပြုလုပ်ရေး အိမ်နီးချင်းနှင့် နိုင်ငံတကာက ထိရောက်စွာကူညီပေးရန် တိုက်တွန်း

တရုတ်နိုင်ငံက နယ်စပ်ဒေသအပါအဝင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် စစ်ပွဲများရပ်တန့်ထားရန် တိုက် တွန်းချက်များရှိသောကြောင့် ဒေသတွင်းတည်ငြိမ်ရေးအတွက် အလေးပေးစဉ်းစားရမည့် အချက် ဖြစ်သည်ဟု ရှုမြင်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သည်။

(၂၄)ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် ကိုယ်လက်အင်္ဂါ မသန်စွမ်း အားကစားပြိုင်ပွဲကို တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံပီကင်းမြို့တွင် ကျင်းပမည်ဖြစ်၍ မြန်မာဘက်တွင် စစ်ပွဲများရပ်တန့်ထားရန် တိုက်တွန်းလာခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒါက သူတို့ရဲ့နှစ်သစ်ကူးအချိန်ကာလလည်းဖြစ်ပါတယ် ။နောက် ဆောင်းရာသီ အိုလံပစ်လည်း ဖြစ်ပါ တယ်။အိုလံပစ်ဆိုတာ အားကစားဆိုတာ ကမ္ဘာ့ငြိမ်းချမ်းရေး အထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။ ဆိုတော့ တိုက်ပွဲမဖြစ်အောင်ကတော့ဆောင်ရွက်ပေးပါဆိုပြီးတိုက်တွန်းတာ ရှိပါတယ်။ဒါပေမဲ့လက်ရှိ မြန်မာနိုင်ငံအခြေအနေကတော့ စစ်ကောင်စီဘက်ကလည်း နောက်ပြီးတော့ အနယ်နယ်အရပ်ရပ်မှာရှိ နေတဲ့ PDF ဘက်ကလည်း တိုက်ပွဲကတော့ ရပ်တန့်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ ဆက်ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု KIOသတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

တပ်မတော်က အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူလူထုတို့၏ နွေဦးတော်လှန်ရေး အရှိန်အဟုန် မြှင့်တင်လာခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ တိုက်ပွဲကာလ ကြာရှည်ပြီး ယင်းအကြပ်အတည်းအား အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံပျက်သုဉ်းရေးသို့ ရောက်ရှိသွားနိုင်ကြောင်း KIO ကြေညာချက်၌ ဖော်ပြထားသည်။

အရပ်ဖက် လူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု မပြုလုပ်ရေး၊ ပဋိပက္ခဒဏ်ခံစားနေရသော လူထုအား အကာအကွယ်ပေးရေး၊ အစားအစာလုံခြုံမှု၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးကိစ္စရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး ကိစ္စရပ်များကို နိုင်ငံတကာနှင့် အိမ်နီးချင်း နိုင်ငံများအနေဖြင့် ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များအနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ရှောင်စခန်းများကို လေကြောင်းတိုက်ခိုက်မှုပင် ပါဝင်သည်။

KIO ဗဟိုကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပျက်နေသော အခက်အခဲများကို ကျော်လွှားနိုင်ရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားတောင့်တနေသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့်အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု KIOက ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။