Hi, what are you looking for?
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် ဦးဆောင်တဲ့ KIO အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေကို သွားရောက်ပြီး ဒေသခံ ကချင်လူထုတွေ၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရှမ်းမြောက်ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF ကို မတ်လ ၃၀ ရက်မှာကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ကရင်အမျိုးသားအစည်းအရုံး( KNU)၊ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) ၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ကနဦးဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
ပြည်သူလူထုတွေရဲ့အသိအမြင်တွေကို ပုံသွင်းခဲ့တာတွေဟာ လက်ရှိမှာပြန်အခက်အခဲ ဖြစ်စေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က KIOနဲ့ ကချင်လူထု အကြား အခြေအနေတွေကို ဥပမာပေးပြောကာ ဦးဆောင်သူတွေအနေနဲ့ ပါးနပ်မှု ရှိဖို့လိုကြောင်းလည်း သတိပေးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်၊ ကချင်၊ကရင်နီ၊ချင်းတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ တို့ တွေ့ဆုံပြီး တော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။