Connect with us

Hi, what are you looking for?

News

ကိုးကန့်တပ်နှင့် အာဏာသိမ်းစစ်တပ်တို့ မုံးကိုးမြို့အနီး တိုက်ပွဲဖြစ်

အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ (၅၄၇)တပ်ဖွဲ့က MNDAA တပ်စွဲရာနေရာအနီး ချဉ်းကပ်လာ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု သတင်းကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့အနီး လုယာန်ထန်ကျေးရွာအထက်တွင် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ (MNDAA )နှင့် အာဏာသိမ်းစစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကိုးကန့်တပ်၏ The Kokang က ယနေ့ သတင်းထုတ်ပြန်သည်။

မုံးကိုးမြို့နယ်တွင် MNDAA နှင့် ကချင်လက်နက်ကိုင်အဖွဲ့( KIA) တို့ လှုပ်ရှားနေကြပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါဒေသ၌ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်အတွင်း၌ MNDAAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။