Connect with us

Hi, what are you looking for?

News

မဲမသမာမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲထားတဲ့အမှု ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်မယ်

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိတယ်လို့အကြောင်းပြ အာဏာသိမ်းတာဟာ တစ်နှစ်ပြည့်ပါပြီ။

ဓာတ်ပုံ − AP

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ UEC အပေါ် မလျော်သြဇာသုံးကာ မဲမသမာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးမင်းသူတို့အပေါ် စွဲဆိုထားတဲ့အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေး သွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာသူတို့ သုံးဦးကို ထောင်ဒဏ် ၃ နှစ်အထိ ချလိုရတဲ့ ရွေးကောက်ပွဲမသမာမှု ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) နဲ့ စွဲဆိုထားတာဖြစ်ပါတယ်။

အဲဒီအမှုအတွက် ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ရှေ့နေအဖွဲ့က နေပြည်တော်အထူးတရားရုံးကိုသွားရောက်ခဲ့တာပါ။

တရားရုံးဘက်က အမှုဟာ ရိုးရှင်းတဲ့အမှုဖြစ်တဲ့အတွက် ရက်ပေါင်း ၁၆၀ အတွင်း အပြီးစစ်ဆေးကြားနာမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိတယ်လို့အကြောင်းပြ အာဏာသိမ်းတာဟာ တစ်နှစ်ပြည့်ပါပြီ။

ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်စေခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအဖွဲ့ဝင်တွေကိုမဲမသမာမှု အပါအဝင် ပုဒ်မမျိုးစုံနဲ့ အမှုတပ် ကာ ထောင်ချတာတွေ လုပ်နေတာပါ။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 20

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။