ကချင်တော်လှန်ရေးနေ့အခမ်းအနားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်လိုင်ဇာမြို့၌ ယနေ့ကျင်းပခဲ့ရာ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဂမ်ရှောင် တက်ရောက်သည်။

KIA ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဖေဖော်ဝါရီ ၅ရက်နေ့ကိုကချင်တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ကျင်းပလာခဲ့ရာ ယခုတစ်ကြိမ်သည် ၆၁ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။

အခမ်းအနားတွင်စစ်ဦးစီးချုပ်ကကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မန့်ခွန်းကိုရှင်းလင်းတင်ပြခဲ့ပြီးနောက် မဟာမိတ် တိုင်းရင်းသား ညီနောင်အဖွဲ့များမှ ပေးပို့သည့် သဝဏ်လွှာကိုဖတ်ကြားခဲ့သည်ဟု KIA သတင်းနှင့်ပြန်ကြားရေးဌာနကဖော်ပြသည်။

အခမ်းအနားတွင် ဝန်ထမ်းသက်တမ်း ၅၀ နှစ် ရှိသည့်အရာရှိ ၄ဦးအား နှစ် ၅၀ပြည့်ရွှေတံဆိပ်ဆုနှင့် အခြား ဆုများချီးမြှင့်ခဲ့ကြောင်း၊နှစ် ၄၀ ပြည့်တာဝန်ထမ်းဆောင်သူ ၇ဦး၊နှစ် ၃၀ ပြည့်သူ ၃၀ ဦး၊ နှစ် ၂၀ပြည့်သူ ၃၇ဦး၊ ၁၀ နှစ် ပြည်သူ ၁၅၆ ဦးနှင့် နှစ်ကြာ တာဝန်ထမ်းဆောင်သည့် အမျိုးသမီး ၃၇ဦး တို့ကို ဂုဏ်ပြု ခဲ့သည်ဟု ဆိုသည်။

Public Service Announcement


















































