Connect with us

Hi, what are you looking for?

News

ဗန်း​​မော်တွင် စစ်​ကောင်စီတပ်ကိုစစ်မျက်နှာစဖွင့်ပြီဟု ဗန်​မော်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ထုတ်ပြန်

ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – BPDF တပ်ဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA) တို့ပူးပေါင်းတိုက်ခိုက်သည့် စစ်ဆေးရေးဂိတ်သည် ဖန်းခါးကုန်းရပ်၊ ဟန်းတဲရပ်ကွက်တွင်ရှိသည်။

(တိုက်ပွဲဖြစ်ပွားပြီးကျည်ထိ့မှန်ထား​သော​နေရာအချို့ ။ ဓါတ်ပုံ-Kachin Wave)

●ဗန်​​မော်မြို့အဝင်အထွက်ရှိစစ်​ကောင်စီစစ်​ဆေး​ရေးဂိတ်ကို KIA နှင့်PDF တိုက်ခိုက်

ဗန်းမော်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့မနက်(ဖေဖော်ဝါရီ၇) ၄နာရီခန့်က ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-BPDFနှင့်ကချင်လွတ်လပ်​ရေးတပ်မ​တော်- KIAတို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခဲ့သည်ဟု BPDFက သတင်းထုတ်ပြန်သည်။

ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – BPDF တပ်ဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA) တို့ပူးပေါင်းတိုက်ခိုက်သည့် စစ်ဆေးရေးဂိတ်သည် ဖန်းခါးကုန်းရပ်၊ ဟန်းတဲရပ်ကွက်တွင်ရှိသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဗန်းမော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို့ စစ်မျက်နှာစဖွင့်လိုက်ပြီဖြစ်ကြောင်း BPDFက အသိ​ပေးသည်။ထိုသို့ အသိပေးရခြင်းမှာ ပြည်သူများအနေဖြင့် မတော်တဆ ထိခိုက်မူများ မဖြစ်စေရန်နှင့် အန္တရာယ်ကိုကြိုတင်ရှောင်ရှားနိုင်ရန်အတွက်ဖြစ်သည်ဟု BPDFက ​ကြေညာသည်။

Public Service Announcement

Public Service Announcement

BPDFအနေဖြင့်လည်း အလျဉ်းသင့်လျှင် ထပ်မံတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများကြိုတင်ပြင်ဆင်ထားရန်လည်း အသိပေးထားသည်။

(တိုက်ပွဲဖြစ်ပွားပြီးကျည်ထိ့မှန်ထား​သော​နေရာအချို့ ။ ဓါတ်ပုံ-Kachin Wave)

“ဖန်ခါးကုန်းမှာရှိတဲ့ ရဲစခန်းကို ဝင်ပစ်တာကို ရဲစခန်းကနေ ရမ်းသမ်းပြီးပြန်ပစ်ကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်၊

ယနေ့မနက်ပိုင်း ပစ်ခတ်မူကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသခံများထံမှသိရသည်။ ထိုပြင် အကြမ်းဖက်စစ်ကောင်စီက စစ်ဘေးရှောင်စခန်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။