Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗန်း​​မော်တွင် စစ်​ကောင်စီတပ်ကိုစစ်မျက်နှာစဖွင့်ပြီဟု ဗန်​မော်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ထုတ်ပြန်

ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – BPDF တပ်ဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA) တို့ပူးပေါင်းတိုက်ခိုက်သည့် စစ်ဆေးရေးဂိတ်သည် ဖန်းခါးကုန်းရပ်၊ ဟန်းတဲရပ်ကွက်တွင်ရှိသည်။

(တိုက်ပွဲဖြစ်ပွားပြီးကျည်ထိ့မှန်ထား​သော​နေရာအချို့ ။ ဓါတ်ပုံ-Kachin Wave)

●ဗန်​​မော်မြို့အဝင်အထွက်ရှိစစ်​ကောင်စီစစ်​ဆေး​ရေးဂိတ်ကို KIA နှင့်PDF တိုက်ခိုက်

ဗန်းမော်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့မနက်(ဖေဖော်ဝါရီ၇) ၄နာရီခန့်က ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-BPDFနှင့်ကချင်လွတ်လပ်​ရေးတပ်မ​တော်- KIAတို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခဲ့သည်ဟု BPDFက သတင်းထုတ်ပြန်သည်။

ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – BPDF တပ်ဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA) တို့ပူးပေါင်းတိုက်ခိုက်သည့် စစ်ဆေးရေးဂိတ်သည် ဖန်းခါးကုန်းရပ်၊ ဟန်းတဲရပ်ကွက်တွင်ရှိသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဗန်းမော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို့ စစ်မျက်နှာစဖွင့်လိုက်ပြီဖြစ်ကြောင်း BPDFက အသိ​ပေးသည်။ထိုသို့ အသိပေးရခြင်းမှာ ပြည်သူများအနေဖြင့် မတော်တဆ ထိခိုက်မူများ မဖြစ်စေရန်နှင့် အန္တရာယ်ကိုကြိုတင်ရှောင်ရှားနိုင်ရန်အတွက်ဖြစ်သည်ဟု BPDFက ​ကြေညာသည်။

Public Service Announcement

Public Service Announcement

BPDFအနေဖြင့်လည်း အလျဉ်းသင့်လျှင် ထပ်မံတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများကြိုတင်ပြင်ဆင်ထားရန်လည်း အသိပေးထားသည်။

(တိုက်ပွဲဖြစ်ပွားပြီးကျည်ထိ့မှန်ထား​သော​နေရာအချို့ ။ ဓါတ်ပုံ-Kachin Wave)

“ဖန်ခါးကုန်းမှာရှိတဲ့ ရဲစခန်းကို ဝင်ပစ်တာကို ရဲစခန်းကနေ ရမ်းသမ်းပြီးပြန်ပစ်ကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်၊

ယနေ့မနက်ပိုင်း ပစ်ခတ်မူကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသခံများထံမှသိရသည်။ ထိုပြင် အကြမ်းဖက်စစ်ကောင်စီက စစ်ဘေးရှောင်စခန်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။