Connect with us

Hi, what are you looking for?

News

တာ​မွေက Mytelရုံး ​ဖောက်ခွဲခံရ

စီးပွားရေးထောက်တိုင်များအပြင် စစ်ကောင်စီ အနွယ်၀င်များအားလုံးကို အပြီးသတ် ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဗမာ့လူငယ်ကွန်ရက်က ကတိ ပြုသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Mytel Show Room ကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ဗမာ့လူငယ်ကွန်ရက် (မြို့ပြပျောက်ကြားစစ်)အဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၈ရက်) နံနက် ၅နာရီခွဲခန့်တွင် Mytel Show Room ကိုဖောက်ခွဲခဲ့သည့် ဖြစ်စဥ်ကြောင့် မီးစက်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ကနဦးသိရသည်ဟု ဆိုသည်။

“လမ်းတွေပိတ်ပြီး အကြမ်းဖက်စစ်တပ်က စစ်ဆေးတယ်။ပြီးတော့ ကျွန်တော်တို့ကလည်း ကိုယ်လုပ်စရာရှိတာလုပ်ပြီး ဘေးကင်းစွာနဲ့ ပြန်လာနိုင်ပြီ”ဟု ဗမာ့လူငယ်ကွန်ရက် အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

ထို့အပြင် ဗုံး​ဖောက်ခွဲခံရသည့် Mytel ရုံးမှာ ယနေ့ ပိတ်ထားရသည်ဟုလည်း မျက်မြင်တွေ့ရှိသူတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

စီးပွားရေးထောက်တိုင်များအပြင် စစ်ကောင်စီ အနွယ်၀င်များအားလုံးကို အပြီးသတ် ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဗမာ့လူငယ်ကွန်ရက်က ကတိ ပြုသည်။

ဖေဖော်ဝါရီ ၂ ရက်ကလည်း အလုံမြို့နယ်ရှိ Mytel ရုံးတစ်ခု ဗုံးနှစ်လုံးပေါက်ကွဲကာ မီးလောင်ပျက်စီးထား သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို စောင့်ကြည့်ရေးဝန်ဆောင်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများလုပ်ဆောင်နေ၍ Mytel ဆက်သွယ်ရေးကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ကြောင်း ကြေညာလိုက်သည်။

သတင်း

My Telတာဝါတိုင်စစ်ဆင်ရေးအားSpecial Revolution Forceနှင့်လည်းကောင်း၊ အမှတ် ၁၀ တပ်ကို မုံရွာခရိုင်ရင်း( ၆)နှင့်လည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က အသိပေးထားသည်။