Connect with us

Hi, what are you looking for?

သတင်း

သု၀ဏ္ဏကွင်းမှာ ကမ္ဘာ့ဖလားနောက်ဆုံးပွဲတွေပြဖို့ စစ်တပ်ပိုင် Mytel စီစဉ်နေ

ညသန်းခေါင်အချိန် ပေါ်တာဆွဲခံရမှာစိုးရိမ်လို့ စိတ်ဝင်စားမှုနည်း

ဇူလိုင်-၁၄၊၂၀၂၆။သုည/People’s Spring

စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က ရန်ကုန်မြို့ သု၀ဏ္ဏဘောလုံးကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တို့ကို ပြသဖို့စီစဉ်နေကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

Mytel ဟာ World Cup 26 Fan Festival Myanmar နာမည်နဲ့ ဇူလိုင် ၁၄၊ ၁၅ရက် မှာ ဆီမီးဖိုင်နယ်ပွဲနဲ့ ဇူလိုင် ၁၉၊ ၂၀ရက်မှာ တတိယလုပွဲ၊ ဗိုလ်လုပွဲတို့ကို ပြသဖို့စီစဉ်နေတာ ဖြစ်ပြီး လက်မှတ်တစ်စောင်ကို နေရာအလိုက် ကျပ် ၅ သောင်းမှ ၁ သိန်းအထိ သတ်မှတ်ကာ ရောင်းချနေပါတယ်။

ဒါ့အပြင် အဆိုတော်၊ စားသောက်ဆိုင်တွေနဲ့ စည်ကားစွာ ကျင်းပဖို့ စီစဉ်ထားသော်လည်း ဒီကနေ့ (ဇူလိုင် ၁၃) အထိ လက်မှတ်တွေ ထင်သလောက် ရောင်းချရခြင်း မရှိတဲ့အတွက် “တစ်စောင်ဝယ်၊ တစ်စောင်အလကား” နဲ့ ရောင်းနေရကြောင်း သု၀ဏ္ဏကွင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းကတဆင့် သိရပါတယ်။

Public Service Announcement

Public Service Announcement

“သု၀ဏ္ဏကွင်းမှာ ကမ္ဘာ့ဖလား စုကြည့်ဖို့ ဆိုပြီး ရှယ်တော့ ပြင်ဆင်နေတယ်။ ဘောလုံးကွင်းပတ်လမ်းမှာ LED ဘုတ်ကြီး ဆင်ပြီး ပြမှာကို ပွဲကြည့်စင်ပေါ်ကနေ ကြည့်ရမှာပါ။ အဲ့တာကို နေရာအလိုက် လက်မှတ်စျေးတွေနဲ့ အွန်လိုင်းကနေ ရောင်းနေတယ်။ ထင်သလောက်မရောင်းရပါဘူး။ အစောပိုင်းရက်တွေက လက်မှတ်ကြိုဝယ်သူတွေကို ၁၀ ရာခိုင်နှုန်းလျော့ပေးတယ်။ အနားနီးလာတော့ တစ်စောင်ဝယ် တစ်စောင်အလကားတောင် ပေးနေရတာ တွေ့ပါတယ်။ အချိန်က ည ၁ နာရီနောက်ပိုင်းဆိုတော့ တော်ရုံလူတွေ လာကြည့်ဖို့ အဆင်မပြေလောက်ပါဘူး” လို့ သု၀ဏ္ဏကွင်းနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ကမ္ဘာ့ဖလားရဲ့ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေဟာ ည ၁ နာရီခွဲမှ စတင်မှာ ဖြစ်တဲ့အတွက် သာမန်ပြည်သူတွေအနေနဲ့ သွား

ရောက်ကြည့်ရှုနိုင်မှာ မဟုတ်သလို ညသန်းခေါင် အိမ်ပြန်နောက်ကျပါက စစ်တပ်ရဲ့ ပေါ်တာဆွဲခြင်းကို ခံရနိုင်ကြောင်း ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ပြောပါတယ်။

” ဒီနှစ် ကမ္ဘာ့ဖလားပွဲတွေက ညသန်းခေါင်တွေ ကန်ကြတာပါ။ အခုလာမယ့် ဆီမီးနဲ့ ဖိုင်နယ်တွေဆို ည ၁ နာရီခွဲ ပွဲတွေပါပဲ။ ဒါကိုတောင် သု၀ဏ္ဏကွင်းမှာ စုကြည့်ဖို့ စီစဉ်တယ်ဆိုတော့ ဘယ်သူက သွားကြည့်ရဲမှာတုန်းဗျာ။ သွားကြည့်ပြီး အိမ်ပြန်နောက်ကျရင် ပေါ်တာဆွဲတာ ခံနေရဦးမယ်။ စစ်တပ်ပိုင် Mytel က လုပ်တဲ့ပွဲဆိုတော့ သူတို့လူတွေလောက်ပဲ လာကြည့်မှာပါ။ မအလ က ရန်ကုန်မှာ လူစည်ကားနေကြောင်း ပြချင်လို့ ပေါတောတောအကွက်တွေ ထလုပ်တာပါ” လို့ ယင်းလူငယ်က ပြောပါတယ်။

လက်မှတ်အခမဲ့ရခဲ့ရင်​တောင် ​ဘောလုံးပွဲသွားကြည့်ရမယ့် အသွားအပြန်ကားခ ၊ အခန့်မသင့်ရင်​ပေါ်တာဆွဲ ခံရနိုင်တဲ့ အန္တရာယ်​တေ့​ကြောင့် သာမာန်ပြည်သူ​တွေအတွက်အဆင်မ​ပြေပဲ စစ်အုပ်စုနဲ့ နီးစပ်သူ​​တွေအများစုပဲ

ကြည့်မယ်လို့ထင်​ကြောင်း ​တောင်ဥက္ကလာပမြို့နယ်ကအမျိုးသားတဦးက​ပြောပါတယ်။

ပြည်သူတွေအပေါ်မှာ ‌အကြမ်းဖက်သတ်ဖြတ်မှုတွေပြုလုပ်နေတဲ့ စစ်တပ်ရဲ့ စီးပွားရေးထောက်တိုင် Mytel ကို ပြည်တွင်းမှာ ကမ္ဘာ့ဖလား‌ ဘောလုံးပွဲစဉ်တွေ ပြသခွင့်ပေးလိုက်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM) ကထုတ်ပြန်ထားပါတယ်။

Mytel က ကမ္ဘာ့ဖလားပွဲတွေ ထုတ်လွှင့်တဲ့ TV360 ရဲ့ ဖေ့စ်ဘွတ်ခ်၏စာမျက်နှာကိုလည်း ဖေ့စ်ဘွတ်ခ်က ဖယ်ရှားထားပါတယ်။ လက်ရှိမှာတော့ Mytel က ကမ္ဘာ့ဖလားပွဲစဉ်တွေကို TV 360 Application ကထုတ်လွှင့်ပေးနေပြီး CANAL+ ရုပ်သံလိုင်းက‌လည်း ပြသပေးနေတာပါ။

စစ်တပ်နဲ့ တိုက်ရိုက်ပတ်သတ်နေတဲ့ Mytel က Boycott ပြုလုပ်ရမှာကြောင့် မကြည့်ဖို့တိုက်တွန်းသူတွေရှိသလို ကမ္ဘာ့ဖလားဘောဘောလုံးပွဲ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Application တွေကိုလည်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက အချင်းချင်းမျှဝေပေးထားကြပါတယ်။

တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Application တွေ ထုတ်လုပ်ထားပြီး အဲဒီ့ Application တွေကဝင်ငွေရရှိနိုင်တာကြောင့် ကြည့်ရှုပေးကြဖို့ တိုက်တွန်းနေတာတွေလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။