Connect with us

Hi, what are you looking for?

LuduNwayOo

News

တာ​မွေက Mytelရုံး ​ဖောက်ခွဲခံရ

စီးပွားရေးထောက်တိုင်များအပြင် စစ်ကောင်စီ အနွယ်၀င်များအားလုံးကို အပြီးသတ် ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဗမာ့လူငယ်ကွန်ရက်က ကတိ ပြုသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော Mytel Show Room ကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ဗမာ့လူငယ်ကွန်ရက် (မြို့ပြပျောက်ကြားစစ်)အဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၈ရက်) နံနက် ၅နာရီခွဲခန့်တွင် Mytel Show Room ကိုဖောက်ခွဲခဲ့သည့် ဖြစ်စဥ်ကြောင့် မီးစက်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ကနဦးသိရသည်ဟု ဆိုသည်။

“လမ်းတွေပိတ်ပြီး အကြမ်းဖက်စစ်တပ်က စစ်ဆေးတယ်။ပြီးတော့ ကျွန်တော်တို့ကလည်း ကိုယ်လုပ်စရာရှိတာလုပ်ပြီး ဘေးကင်းစွာနဲ့ ပြန်လာနိုင်ပြီ”ဟု ဗမာ့လူငယ်ကွန်ရက် အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

ထို့အပြင် ဗုံး​ဖောက်ခွဲခံရသည့် Mytel ရုံးမှာ ယနေ့ ပိတ်ထားရသည်ဟုလည်း မျက်မြင်တွေ့ရှိသူတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

စီးပွားရေးထောက်တိုင်များအပြင် စစ်ကောင်စီ အနွယ်၀င်များအားလုံးကို အပြီးသတ် ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဗမာ့လူငယ်ကွန်ရက်က ကတိ ပြုသည်။

ဖေဖော်ဝါရီ ၂ ရက်ကလည်း အလုံမြို့နယ်ရှိ Mytel ရုံးတစ်ခု ဗုံးနှစ်လုံးပေါက်ကွဲကာ မီးလောင်ပျက်စီးထား သည်။

ဆက်စပ်သတင်းများ

သတင်း

My Telတာဝါတိုင်စစ်ဆင်ရေးအားSpecial Revolution Forceနှင့်လည်းကောင်း၊ အမှတ် ၁၀ တပ်ကို မုံရွာခရိုင်ရင်း( ၆)နှင့်လည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က အသိပေးထားသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဆင်ရေးဒေသတွင်ပါဝင်သော ပဲခူးတိုင်းစစ်ဒေသခွဲတွင် စစ်ကောင်စီတပ်ဖွဲ့အားတိုက်ခိုက်မှုများ အရှိန်မြှင့်နေသည်ဟုလည်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများ၌ နှစ်သစ်ကူးပွဲကျင်းပရန် စီစဉ်နေပြီး နှစ်သစ်ကူးညတွင် ညမထွက်ရအမိန့် သတ်မှတ်ချက်များ ခေတ္တပယ်ဖျက်ကြောင်း ကြေညာထားသည်။

နိုင်ငံတကာ

ယူကရိန်း တောင်ပိုင်းက ခက်ကော့ဗာ ဆည်ကြီးမှာ ရုရှားတပ်တွေက ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်နေကြောင်း ယူကရိန်း အစိုးရက ထုတ်ပြန်ပါတယ်။ တကယ်လို့သာ ဒီနိုင်ပါ မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဆည်ကြီးကို ဖောက်ခွဲလိုက်မယ်ဆိုရင် ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ် ကြုံတွေ့ရလိမ့်မယ်လို့ ယူကရိန်းက သတိပေးထားပါတယ်။