Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုက်ဂျီးရီးယားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ရေနံတင် သင်္ဘောက သင်္ဘောသား ၃ ဦး ကယ်ဆယ်ရရှိ

Shebah ရေနံ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီ အမှုဆောင် အရာရှိ အီကီမီဖူနာ အိုကာဖော်က ကယ်ဆယ်ရရှိထားတဲ့ သင်္ဘောသားတွေကို လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေ ပြုလုပ်ပေးထားကြောင်း ဖေဖော်ဝါရီ ၇ ရက်က အတည်ပြုသွားခဲ့ပါတယ်။

နိုက်ဂျီးရီးယား ကမ်းလွန် ရေပြင်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ရေနံတင် သင်္ဘောပေါ်က သင်္ဘောသား ၃ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Shebah ရေနံ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီ အမှုဆောင် အရာရှိ အီကီမီဖူနာ အိုကာဖော်က ကယ်ဆယ်ရရှိထားတဲ့ သင်္ဘောသားတွေကို လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေ ပြုလုပ်ပေးထားကြောင်း ဖေဖော်ဝါရီ ၇ ရက်က အတည်ပြုသွားခဲ့ပါတယ်။

Trinity Spirit ရေနံတင် သင်္ဘောဟာ ဖေဖော်ဝါရီ ၂ ရက်က ရေနံအထွက် ကြွယ်ဝတဲ့ နိုက်ဂျီးရီးယားတောင်ပိုင်း ကမ်းလွန် ပင်လယ်ပြင်မှာ ပေါက်ကွဲမှု ဖြစ်ပြီး နစ်မြုပ်ခဲ့ပါတယ်။ ဒီသင်္ဘောဟာ ရေနံ သိုလှောင်ရုံသာ မကဘဲ တစ်နေ့ကို ရေနံစည်ပေါင်း ၂၂၀၀၀ လောက် ချက်လုပ်နိုင်အောင် တည်ဆောက်ထားတာပါ။

အခင်းဖြစ်ချိန်က သင်္ဘောပေါ်မှာ ရေနံစည်ပေါင်း ၆၀၀၀၀ ကျော် ရှိနေပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးတစ်ခု ပေါ်ပေါက်လာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေက သင်္ဘောသား ၃ ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့သလို အနီးအနားမှာ အလောင်း ၁ လောင်းကိုလည်း ဆယ်ယူ ရရှိထားပါတယ်။ နောက်ထပ် ပျောက်ဆုံးနေသူ ၇ ဦးကိုလည်း ဆက်လက် ရှာဖွေနေဆဲလို့ ဆိုပါတယ်။

ရေနံ ပမာဏ အများဆုံး စည်ပေါင်း ၂ သန်းလောက်ထိ တင်ဆောင်နိုင်အောင် ကြီးမားတဲ့ သင်္ဘောကြီးဟာ ပေါက်ကွဲမှုကြောင့် ခါးလယ်ကနေ နှစ်ပိုင်းကျိုးပြီး တစိတ်တပိုင်း နစ်မြုပ်သွားပါတယ်။ သင်္ဘောပေါ်မှာ လောင်ကျွမ်းနေတဲ့ မီးတွေကို ငြှိမ်းသတ်ဖို့လည်း နာရီပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူတွေကတော့ ဒီဖြစ်ရပ်ကြောင့် ပတ်ဝန်းကျင် ညစ်နွမ်းစေမယ့် ရေနံ ယိုဖိတ်မှုတွေ သေချာပေါက် ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။ အဲဒီ အခါမှာ ပတ်ဝန်းကျင်က ရေနေ သက်ရှိတွေ၊ ကမ်းခြေက လူ့အသိုက်အဝန်းတွေအတွက် အကြီးအကျယ် ဆိုးကျိုး သက်ရောက်မှုတွေ ရှိလာမယ်လို့လည်း ဆိုပါတယ်။

အရင်ကတည်းက နိုက်ဂျီးရီးယား တောင်ပိုင်းက ကမ်းရိုးတန်း ဒေသတချို့ဟာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကို ကြုံတွေ့ ခံစားထားရပြီး ဖြစ်ပါတယ်။ နိုက်ဂျီးရီးယား မြစ်ဝှမ်းလို ဧရိယာတွေမှာ သောက်သုံးရေ ရရှိဖို့ ခက်ခဲနေပြီး လမုတောတွေ၊ ရွှံ့နွံတောတွေမှာလည်း သားရိုင်း တိရစ္ဆာန်တွေ နေထိုင်တာမျိုး သိပ်မရှိတော့ပါဘူး။ ပြီးတော့ ဒေသတွင်းက ပျမ်းမျှ လူ့သက်တမ်းဟာ တခြားနေရာတွေထက် ၁၀ နှစ်လောက် ပိုတိုတောင်းနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

သတင်း

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။