Connect with us

Hi, what are you looking for?

News

ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများအား ဆက်ဖိနှိပ်နေပါက မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌနှင့်အလုပ် အမှုဆောင်များကို အရေးယူမည်ဟု FHPC သတိ​ပေး

စစ်ကောင်စီအလိုကျ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် ဆက်လက် ဖိနှိပ်နေပါက မြန်မာနိုင်ငံဆေးကောင်စီ(MCC)ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် များကို ပြင်းထန်စွာအရေးယူသွားမည်ဟု ဖက်ဒရယ်ကျန်းမာရေးပညာရှင် များကောင်စီက အသိပေးချက် ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆေးကောင်စီ (MMC)သည် အရည်အသွေးပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသောကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး ခံစားခွင့်ရရှိစေရန်၊ ဆရာဝန်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊ ကောင်းမွန်သော ဆေးကုသမှုပတ်ဝန်းကျင် ဖြစ်ထွန်းစေရန်’’ အစရှိသည့် ရည်ရွယ်ချက်များကို ဖော်ဆောင်နိုင်ခြင်း မရှိသည့်အပြင် ဆရာဝန်များအပါအဝင် ကျန်းမာရေးလုပ်သား များနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်ဖိနှိပ်နေသည့် စစ်ကောင်စီ၏ လက်ကိုင်တုပ်အဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်ဆောင်ရွက်နေသည်ကို တွေ့ရသည်ဟု ဖော်ပြထားသည်။

MMC သည် ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုပြီး ဆရာဝန်များနှင့် ကျန်းမာ‌ရေးဝန်ထမ်းများအပေါ် အာဏာသိမ်းစစ်ကောင်စီ အလိုကျဖိနှိပ်ဆောင်ရွက်နေမှုများကို ဖက်ဒရယ်ကျန်းမာရေး ပညာရှင်များ ကောင်စီအနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး အဆိုပါဖိနှိပ်မှုများကို ဆက်လက်ကျူးလွန်ဆောင်ရွက်နေမည်ဆိုပါက မြန်မာနိုင်ငံဆေးကောင်စီ ၏ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ကို တော်လှန်ရေးကာလ ဖြစ်သည့် ကြားကာလနှင့် အသွင်ကူး‌ပြောင်းရေးကာလတွင် ကျန်းမာရေးပညာရှင် လုပ်သားအင်အားစုများအားလုံး၏ အကျိုးစီးပွားကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖော်ဆောင်ပေးရန် တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့အစည်းများ၊ ဆေးပညာရှင်များ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဗဟိုကျန်းမာရေးဌာနကဖွင့်လှစ်တဲ့ ဆရာဝန်ဖြစ်သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းသူ ၄၃ဦး ရှိခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတခုဖြစ်ပြီး အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်ရှိနေသည့် အခြေအနေဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC) တို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။