Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂျာမနီမှာ ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်ပြီး ၁ ဦးသေ

ရထားနှစ်စီး တိုက်မိတဲ့နောက် သက်ဆိုင်ရာ လမ်းပိုင်းကို ယာယီ ပိတ်ထားရကြောင်း မြူးနစ် ရထား ပို့ဆောင်ရေး ကွပ်ကဲမှု ဌာနက ပြောပါတယ်။ ဒါပေမဲ့ တခြားလမ်းကြောင်းကနေ အစားထိုး ပြေးဆွဲမှု တစ်ခုပါ စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

ဂျာမနီနိုင်ငံမှာ ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်မြို့နားမှာ ခရီးသည်တင် ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကယ်ဆယ်ရေးတွေက အလောင်း ၁ လောင်းကို တွေ့ရှိခဲ့ပြီး ခရီးသည် ၈၀ လောက်ကို အခင်းဖြစ်တဲ့ နေရာမှာပဲ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ရပါတယ်။ ၁၄ ဦးကတော့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရ အရာရှိ အန်ဒရီးရက်စ် ဖရန်ကန်က ရထားနှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး လူစီးတွဲတစ်ခု လမ်းချော် တိမ်းမှောက်သွားကြောင်း အတည်ပြုခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ရဟတ်ယာဉ်တွေကိုပါ အသုံးပြုနေပြီး ကယ်ဆယ်ရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း ၁၃၀ လောက် ပူးပေါင်း ဆောင်ရွက်နေပါတယ်။

ရထားနှစ်စီး တိုက်မိတဲ့နောက် သက်ဆိုင်ရာ လမ်းပိုင်းကို ယာယီ ပိတ်ထားရကြောင်း မြူးနစ် ရထား ပို့ဆောင်ရေး ကွပ်ကဲမှု ဌာနက ပြောပါတယ်။ ဒါပေမဲ့ တခြားလမ်းကြောင်းကနေ အစားထိုး ပြေးဆွဲမှု တစ်ခုပါ စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သံလမ်း တစ်ခုတည်းမှာ ရထားနှစ်စီး ဘာကြောင့် ခေါင်းချင်းဆိုင် တိုက်မိသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။