Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီမှာ ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်ပြီး ၁ ဦးသေ

ရထားနှစ်စီး တိုက်မိတဲ့နောက် သက်ဆိုင်ရာ လမ်းပိုင်းကို ယာယီ ပိတ်ထားရကြောင်း မြူးနစ် ရထား ပို့ဆောင်ရေး ကွပ်ကဲမှု ဌာနက ပြောပါတယ်။ ဒါပေမဲ့ တခြားလမ်းကြောင်းကနေ အစားထိုး ပြေးဆွဲမှု တစ်ခုပါ စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

ဂျာမနီနိုင်ငံမှာ ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က မြူးနစ်မြို့နားမှာ ခရီးသည်တင် ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကယ်ဆယ်ရေးတွေက အလောင်း ၁ လောင်းကို တွေ့ရှိခဲ့ပြီး ခရီးသည် ၈၀ လောက်ကို အခင်းဖြစ်တဲ့ နေရာမှာပဲ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ရပါတယ်။ ၁၄ ဦးကတော့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရ အရာရှိ အန်ဒရီးရက်စ် ဖရန်ကန်က ရထားနှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး လူစီးတွဲတစ်ခု လမ်းချော် တိမ်းမှောက်သွားကြောင်း အတည်ပြုခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ရဟတ်ယာဉ်တွေကိုပါ အသုံးပြုနေပြီး ကယ်ဆယ်ရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း ၁၃၀ လောက် ပူးပေါင်း ဆောင်ရွက်နေပါတယ်။

ရထားနှစ်စီး တိုက်မိတဲ့နောက် သက်ဆိုင်ရာ လမ်းပိုင်းကို ယာယီ ပိတ်ထားရကြောင်း မြူးနစ် ရထား ပို့ဆောင်ရေး ကွပ်ကဲမှု ဌာနက ပြောပါတယ်။ ဒါပေမဲ့ တခြားလမ်းကြောင်းကနေ အစားထိုး ပြေးဆွဲမှု တစ်ခုပါ စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သံလမ်း တစ်ခုတည်းမှာ ရထားနှစ်စီး ဘာကြောင့် ခေါင်းချင်းဆိုင် တိုက်မိသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook