Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏မတရားမှုကို ကန့်ကွက်၊ ငြင်းပယ်ခြင်းမပြုဘဲ တာဝန်ထမ်းဆောင်နေသည့် ရွေးကော်မှ ဝန်ထမ်း ၂၅၀ခန့်ကို NUG ထုတ်ပယ်

ကော်မရှင်မှဝန်ထမ်း ၂၄၆ ဦးအားထုတ်ပစ်လိုက်ကြောင်း အမည်စာရင်း၊ရာထူး၊ဌာနများ ယှဉ်တွဲ၍ ဖော်ပြခဲ့သည်။ ယင်းတို့အနက် ညွှန်ကြားရေးမှူးချုပ် ၁ဦး၊ဒုညွှန်ကြားရေးမှူးချုပ် ၁ဦးနှင့်ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဦးစီးအရာရှိများပါဝင်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး အဓိက တာဝန်ရှိသူများ ဖြစ်သော်လည်း ပြည်ထောင်စု ရွေးကော်ကပွဲကော်မရှင် ဥပဒေ ရွေးကောက်ပွဲဥပဒေများနှင့် ကိုက်ညီမှုမရှိခဲ့သော တရားမဝင် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များအားကန့်ကွက်ခြင်း ၊ ငြင်းပယ်ခြင်းမရှိဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေသောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှဝန်ထမ်း၂၅၀ခန့်အား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှထုတ်ပစ်လိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကကြေညာသည်။

ကော်မရှင်မှဝန်ထမ်း ၂၄၆ ဦးအားထုတ်ပစ်လိုက်ကြောင်း အမည်စာရင်း၊ရာထူး၊ဌာနများ ယှဉ်တွဲ၍ ဖော်ပြခဲ့သည်။ ယင်းတို့အနက် ညွှန်ကြားရေးမှူးချုပ် ၁ဦး၊ဒုညွှန်ကြားရေးမှူးချုပ် ၁ဦးနှင့်ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဦးစီးအရာရှိများပါဝင်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက် တာဝန်မထမ်းဆောင်ဘဲ ဓမ္မ ဘက်မှ ရပ်တည်၍ ပြည်သူနှင့် တသားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး ဖြစ် ကြောင်းလည်းဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေဖြင့်လည်း အောက်တိုဘာလမှစတင်၍ အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDMတွင် ပါဝင်ခဲ့ကြသည့်ဝန်ကြီးဌာန မဖွဲ့ရသေးသော ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲ့ကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိသည်ဟုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။