Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီ၏မတရားမှုကို ကန့်ကွက်၊ ငြင်းပယ်ခြင်းမပြုဘဲ တာဝန်ထမ်းဆောင်နေသည့် ရွေးကော်မှ ဝန်ထမ်း ၂၅၀ခန့်ကို NUG ထုတ်ပယ်

ကော်မရှင်မှဝန်ထမ်း ၂၄၆ ဦးအားထုတ်ပစ်လိုက်ကြောင်း အမည်စာရင်း၊ရာထူး၊ဌာနများ ယှဉ်တွဲ၍ ဖော်ပြခဲ့သည်။ ယင်းတို့အနက် ညွှန်ကြားရေးမှူးချုပ် ၁ဦး၊ဒုညွှန်ကြားရေးမှူးချုပ် ၁ဦးနှင့်ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဦးစီးအရာရှိများပါဝင်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး အဓိက တာဝန်ရှိသူများ ဖြစ်သော်လည်း ပြည်ထောင်စု ရွေးကော်ကပွဲကော်မရှင် ဥပဒေ ရွေးကောက်ပွဲဥပဒေများနှင့် ကိုက်ညီမှုမရှိခဲ့သော တရားမဝင် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များအားကန့်ကွက်ခြင်း ၊ ငြင်းပယ်ခြင်းမရှိဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေသောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှဝန်ထမ်း၂၅၀ခန့်အား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှထုတ်ပစ်လိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကကြေညာသည်။

ကော်မရှင်မှဝန်ထမ်း ၂၄၆ ဦးအားထုတ်ပစ်လိုက်ကြောင်း အမည်စာရင်း၊ရာထူး၊ဌာနများ ယှဉ်တွဲ၍ ဖော်ပြခဲ့သည်။ ယင်းတို့အနက် ညွှန်ကြားရေးမှူးချုပ် ၁ဦး၊ဒုညွှန်ကြားရေးမှူးချုပ် ၁ဦးနှင့်ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဦးစီးအရာရှိများပါဝင်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက် တာဝန်မထမ်းဆောင်ဘဲ ဓမ္မ ဘက်မှ ရပ်တည်၍ ပြည်သူနှင့် တသားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး ဖြစ် ကြောင်းလည်းဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေဖြင့်လည်း အောက်တိုဘာလမှစတင်၍ အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDMတွင် ပါဝင်ခဲ့ကြသည့်ဝန်ကြီးဌာန မဖွဲ့ရသေးသော ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲ့ကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိသည်ဟုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။