Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်လက်ချက်ကြောင့် မီးလောင်ပျက်စီးခဲ့သည့် မိုးဗြဲဒေသခံများ၏ နေအိမ်များ

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ဖေဖော်ဝါရီ ၁၈ရက်မှစ၍ မိုးဗြဲဒေသ ဝှာရီဆူးပလိုင်ရွာ နှင့် ဝီသဲကူးကျေးရွာတို့မှ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။ ထို့ပြင် ဒေသခံပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ - လွိုင်ကော် PDF

ဖယ်ခုံမြို့နယ် မိုးဗြဲဒေသ၌ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့၍ ဒေသခံပြည်သူလူထုပိုင် နေအိမ်အများအပြား မီးလောင်ပျက်စီး ခဲ့ရသည်။

ဓာတ်ပုံ – လွိုင်ကော် PDF

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ဖေဖော်ဝါရီ ၁၈ရက်မှစ၍ မိုးဗြဲဒေသ ဝှာရီဆူးပလိုင်ရွာ နှင့် ဝီသဲကူးကျေးရွာတို့မှ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။ ထို့ပြင် ဒေသခံပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါ ကျေးရွာတို့မှ ပြည်သူပိုင်နေအိမ်များအား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး ထားသည့် ဓာတ်ပုံမှတ်တမ်းအချို့ကို လွိုင်ကော်PDFက ယနေ့ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – လွိုင်ကော် PDF

ဖေဖော်ဝါရီ ၁၆ရက်မှ ၂၀ ရက်အထိ ငါးရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့သည့် မိုးဗြဲဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များသည် ပြည်သူလူထု နေအိမ်များ ကိုမီးရှို့ခြင်း၊ ပြည်သူများ အသုံးပြုရာ လမ်း၌ မိုင်းထောင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု လွိုင်ကော် PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။