Connect with us

Hi, what are you looking for?

News

လွှတ်တော်ဆိုင်ရာလုပ်ငန်းစဥ်များကို နိုင်ငံတကာပါလီမန်များအဖွဲ့ ကူညီမည်ဟု CRPH ထုတ်ပြန်

CRPH နှင့် IPU တို့သည် ယနေ့ည ၇ နာရီခွဲတွင် အွန်လိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး အင်ဒိုနီးရှား၌ ကျင်းပမည့် (၁၄၄)ကြိမ်မြောက် IPU အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဥ်များအတွက် အကူအညီရရှိရေးအတွက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်သည်။

CRPH နှင့် IPU တို့သည် ယနေ့ည ၇ နာရီခွဲတွင် အွန်လိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး အင်ဒိုနီးရှား၌ ကျင်းပမည့် (၁၄၄)ကြိမ်မြောက် IPU အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် IPU က ပံ့ပိုးမည့် အကူအညီပေးရေး အစဉ်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် လုပ်ငန်းများ၊ စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝေဖြိုးအောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းနှင့်‌ ကော်မတီဝင်များ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်သဘင်ဆောင်မှာ ဇာတ်မင်းသားအောင်ဇမ္ဗူ ဇတ်အဖွဲ့သွား​ရောက်ကပြဖျော်ဖြေခဲ့ပါတယ်။