Connect with us

Hi, what are you looking for?

LuduNwayOo

News

လွှတ်တော်ဆိုင်ရာလုပ်ငန်းစဥ်များကို နိုင်ငံတကာပါလီမန်များအဖွဲ့ ကူညီမည်ဟု CRPH ထုတ်ပြန်

CRPH နှင့် IPU တို့သည် ယနေ့ည ၇ နာရီခွဲတွင် အွန်လိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး အင်ဒိုနီးရှား၌ ကျင်းပမည့် (၁၄၄)ကြိမ်မြောက် IPU အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဥ်များအတွက် အကူအညီရရှိရေးအတွက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်သည်။

CRPH နှင့် IPU တို့သည် ယနေ့ည ၇ နာရီခွဲတွင် အွန်လိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး အင်ဒိုနီးရှား၌ ကျင်းပမည့် (၁၄၄)ကြိမ်မြောက် IPU အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် IPU က ပံ့ပိုးမည့် အကူအညီပေးရေး အစဉ်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် လုပ်ငန်းများ၊ စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝေဖြိုးအောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းနှင့်‌ ကော်မတီဝင်များ တက်ရောက်ခဲ့သည်။