စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ရွာတိုက်ပွဲတွင် ကျဆုံးခဲ့သော သူရဲကောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)ရဲ ဘော် ၁၅ဦးကို ယနေ့(ဖေဖော်ဝါရီ ၂၇)မီးသဂ်ြိုလ်လိုက်ကြောင်း SNAKE EYES PDF အဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များ၏ အထိုင်ချပိတ်ပင်ထားခြင်းကြောင့် ကျဆုံးသွားသောရဲဘော်များ၏ ရုပ်အလောင်း များကို ယနေ့မှသာ သွားရောက်သယ်ယူနိုင်ခဲ့ပြီး အဆင်ပြေသည့်နေရာတစ်ခုတွင် ကောင်းမွန်စွာမီးရှို့သဂြိုလ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နှမစားရစ်ကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာများကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက်တွင် လက်နက်ကြီးများပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူခြောက်ဦးအား သတ်ဖြတ်ခဲ့ကာ ရွာလုံးကျွတ်မီးရှို့ခဲ့သည်။

ထို့ကြောင့် ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အထက်ပါကျေးရွာနှစ်ရွာမှ ပြည်သူများအား ကယ်ထုတ်ရန်သွားစဥ် စစ်ကောင်စီတပ်နှင့် ဇီးဖြူကုန်းရွာခြေရင်းတွင် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများ လက်နက်ကြီးများတရစပ်ပစ်ခတ်ခြင်း၊ မောင်းပြန် သေနတ်များဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခြင်းတို့ကြောင့် လက်နက်အင်အားမမျှဘဲ ပေါက်ချိုင်(ပ.က.ဖ) အဖွဲ့မှ ရဲဘော် ၁၅ ဦးကျဆုံးခဲ့ရခြင်း ဖြစ်သည်။


















































