Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ် နှမစားရစ်ရွာတိုက်ပွဲတွင် ကျဆုံးခဲ့သော PDF ရဲဘော် ၁၅ဦးကို မီးသဂ်ြိုလ်

စစ်ကောင်စီတပ်များ၏ အထိုင်ချပိတ်ပင်ထားခြင်းကြောင့် ကျဆုံးသွားသောရဲဘော်များ၏ ရုပ်အ​လောင်း များကို ယနေ့မှသာ သွားရောက်သယ်ယူနိုင်ခဲ့ပြီး အဆင်ပြေသည့်နေရာတစ်‌ခုတွင် ကောင်းမွန်စွာမီးရှို့သဂြိုလ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ရွာတိုက်ပွဲတွင် ကျဆုံးခဲ့သော သူရဲ​ကောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)ရဲ ဘော် ၁၅ဦးကို ယနေ့(ဖေဖော်ဝါရီ ၂၇)မီးသဂ်ြိုလ်လိုက်ကြောင်း SNAKE EYES PDF အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များ၏ အထိုင်ချပိတ်ပင်ထားခြင်းကြောင့် ကျဆုံးသွားသောရဲဘော်များ၏ ရုပ်အ​လောင်း များကို ယနေ့မှသာ သွားရောက်သယ်ယူနိုင်ခဲ့ပြီး အဆင်ပြေသည့်နေရာတစ်‌ခုတွင် ကောင်းမွန်စွာမီးရှို့သဂြိုလ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နှမစားရစ်ကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာများကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက်တွင် လက်နက်ကြီးများပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူခြောက်ဦးအား သတ်ဖြတ်ခဲ့ကာ ရွာလုံးကျွတ်မီးရှို့ခဲ့သည်။

Public Service Announcement

ထို့ကြောင့် ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အထက်ပါကျေးရွာနှစ်ရွာမှ ပြည်သူများအား ကယ်ထုတ်ရန်သွားစဥ် စစ်ကောင်စီတပ်နှင့် ဇီး​ဖြူကုန်းရွာခြေရင်းတွင် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများ လက်နက်ကြီးများတရစပ်ပစ်ခတ်ခြင်း၊ မောင်းပြန် သေနတ်များဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခြင်းတို့ကြောင့် လက်နက်အင်အားမမျှဘဲ ပေါက်ချိုင်(ပ.က.ဖ) အဖွဲ့မှ ရဲဘော် ၁၅ ဦးကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။