Connect with us

Hi, what are you looking for?

News

ဗကသ ဒုတိယ ဥက္ကဋ္ဌ အပါအဝင် ကျောင်းသားလူငယ် ၄ ဦးကို ထောင်ဒဏ် ၃ နှစ်စီချ

ဒါအပြင် သူတို့တွေဟာ ထောင်တွင်းဆန္ဒပြပွဲတွေမှာ ဦးဆောင်တယ်ဆိုပြီး ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်ရိုက်နှက်မှုကိုခံရသလို တိုက်ပိတ်ထားတာကိုလည်းကြုံခဲ့ရသူတွေဖြစ်ပါတယ်။

မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ကျောင်းသားလူငယ် ၄ ဦးကို စစ်ကောင်စီဟာ ဒီနေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချလိုက်တယ်လို့သိရပါတယ်။

ကမာရွတ်မြို့နယ်တရားရုံးကနေ ကိုဝေယံဖြိုးမိုး၊ ကိုဆစ်နိုင်၊ ကိုလေပြေစိုးမိုး၊ ကိုသုတစိုး တို့ကို ထောင်ချလိုက်တာပါ။

ကိုဝေယံဖြိုးမိုးဟာ ဗကသများအဖွဲ့ချုပ် ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ကိုဆစ်နိုင်က ဗကသ ဗဟို အမှုဆောင်အဖွဲ့ဝင်ဖြစ်ပါတယ်။

ကိုလေပြေစိုးမိုးကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်သလို ကိုသုတစိုးဟာ ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဟောင်းတစ်ဦးပါ။

Public Service Announcement

Public Service Announcement

သူတို့ ၄ ဦးထဲမှာ ကိုဝေယံဖြိုးမိုးဟာ ဒုတိယအကြိမ် ထောင်ဒဏ်ချခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ထောင်ဒဏ် ၂ နှစ်နဲ့ ၁ လ ချထားပြီးဖြစ်ပါတယ်။

ဒါအပြင် သူတို့တွေဟာ ထောင်တွင်းဆန္ဒပြပွဲတွေမှာ ဦးဆောင်တယ်ဆိုပြီး ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်ရိုက်နှက်မှုကိုခံရသလို တိုက်ပိတ်ထားတာကိုလည်းကြုံခဲ့ရသူတွေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။