Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွန်ဂို မီးလောင်မှုမှာ ကျောင်းသား နှစ်ဒါဇင်ကျော် သေဆုံး၊ အိမ်ခြေ ၃၀၀ ကျော်ပျက်စီး

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ M23 သူပုန်အဖွဲ့က မနှစ်ကတည်းက ထိန်းချုပ်ထားရာ ဘူကာဗူမြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက မီးလောင်မှု ဖြစ်ခဲ့တာပါ။ လူနေအိမ် တစ်လုံးက စတင်လောင်ကျွမ်းတဲ့ မီးဟာ လျင်လျင်မြန်မြန် ကူးစက် ပျံ့နှံ့သွားပြီး မူလတန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်းနဲ့ အိမ်ခြေ ၃၀၀ လောက် ပျက်စီးခဲ့ပါတယ်။

မီးလောင်နေချိန်မှာ ကျောင်းတွေထဲက ကလေးတွေ ကြောက်လန့်တကြား စုပြုံထွက်ပြေးရင်း အချင်းချင်း ပိမိ၊ နင်းမိကြရာက သေဆုံးမှုတွေ များပြားခဲ့တာလို့ ဆိုပါတယ်။ ပြီးတော့ သေသူတွေထဲမှာ အရွယ်ရောက်ပြီးသူတွေလည်း ပါဝင်ပြီး သေဆုံးသူ များပြားမယ်လို့ ယူဆရပါတယ်။

ဘူကာဗူရဲ့ လူနေသိပ်သည်းရာ ကာဒူတူ ရပ်ကွက်ထဲက မီးလောင်မှုကို နာရီပေါင်း အတော်ကြာ အချိန်ယူ ငြှိမ်းသတ်ခဲ့ရပါတယ်။ ဒဏ်ရာ ရရှိသူတွေကိုလည်း ကယ်ဆယ်ရေးတွေက ဆေးရုံတွေဆီ တင်ပို့ခဲ့ရပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ဆေးရုံကြမ်းပြင်ပေါ်မှာ ကလေးတွေ မလှုပ်မယှက် လှဲလျောင်းနေပုံတွေကိုလည်း တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မီးကဘယ်လို စတင်လောင်ကျွမ်းခဲ့တာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြို့ကို ထိန်းချုပ်ထားတဲ့ M23 သူပုန်တွေက သေဆုံးသူ အရေအတွက်ကို တိတိကျကျ မထုတ်ပြန်သေးပါဘူး။

မြို့တော် ကင်ရှာဆာမှာ ရှိနေတဲ့ ကွန်ဂို အစိုးရရဲ့ ပညာရေး ဝန်ကြီးဌာနကတော့ ဘူကာဗူမှာ ဖြစ်ပွားတဲ့ မီးလောင်မှုအတွင်း ကျောင်းသူကျောင်းသားတွေ သေဆုံးခဲ့တဲ့ သတင်းကြောင့် အထူးဝမ်းနည်း ကြေကွဲမိတယ်လို ထုတ်ပြန်ခဲ့ပါတယ်။

ကင်ရှာဆာမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက မင်္ဂလာ ခန်းမတစ်ခုမှာ မီးလောင်ရာက လူတွေ အထိတ်တလန့် ထွက်ပြေးရင်း ပိမိနင်းမိလို့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။

တောင်ပိုင်းက ကီဗူပြည်နယ်ရဲ့ မြို့တော် ဘူကာဗူဟာ ကွန်ဂိုမှာတော့ လူနေ အထူထပ်ဆုံး တောင်ပေါ်ဒေသ တစ်ခုလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဆီဘောက်ဆာကားနဲ့ ကွန်တိန်နာကား တိုက်မိရာက မီးလောင်မှုဖြစ်ခဲ့ပြီး လမ်းဘေးက ဘုန်းကြီးကျောင်းကို မီးကူးခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ပြောပါတယ်။