Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗကသ ဒုတိယ ဥက္ကဋ္ဌ အပါအဝင် ကျောင်းသားလူငယ် ၄ ဦးကို ထောင်ဒဏ် ၃ နှစ်စီချ

ဒါအပြင် သူတို့တွေဟာ ထောင်တွင်းဆန္ဒပြပွဲတွေမှာ ဦးဆောင်တယ်ဆိုပြီး ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်ရိုက်နှက်မှုကိုခံရသလို တိုက်ပိတ်ထားတာကိုလည်းကြုံခဲ့ရသူတွေဖြစ်ပါတယ်။

မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ကျောင်းသားလူငယ် ၄ ဦးကို စစ်ကောင်စီဟာ ဒီနေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချလိုက်တယ်လို့သိရပါတယ်။

ကမာရွတ်မြို့နယ်တရားရုံးကနေ ကိုဝေယံဖြိုးမိုး၊ ကိုဆစ်နိုင်၊ ကိုလေပြေစိုးမိုး၊ ကိုသုတစိုး တို့ကို ထောင်ချလိုက်တာပါ။

ကိုဝေယံဖြိုးမိုးဟာ ဗကသများအဖွဲ့ချုပ် ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ကိုဆစ်နိုင်က ဗကသ ဗဟို အမှုဆောင်အဖွဲ့ဝင်ဖြစ်ပါတယ်။

ကိုလေပြေစိုးမိုးကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်သလို ကိုသုတစိုးဟာ ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဟောင်းတစ်ဦးပါ။

Public Service Announcement

Public Service Announcement

သူတို့ ၄ ဦးထဲမှာ ကိုဝေယံဖြိုးမိုးဟာ ဒုတိယအကြိမ် ထောင်ဒဏ်ချခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ထောင်ဒဏ် ၂ နှစ်နဲ့ ၁ လ ချထားပြီးဖြစ်ပါတယ်။

ဒါအပြင် သူတို့တွေဟာ ထောင်တွင်းဆန္ဒပြပွဲတွေမှာ ဦးဆောင်တယ်ဆိုပြီး ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်ရိုက်နှက်မှုကိုခံရသလို တိုက်ပိတ်ထားတာကိုလည်းကြုံခဲ့ရသူတွေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ထုတ်ပယ်ခံထားရသည့် အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့ဖြစ်စေ တစ်ခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်၌ အတူတကွ ပြန်လည်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

သတင်း

မြေပုံမြို့နယ်အတွင်း ရေကြောင်းတနေရာတွင် ယမန်နေ့(နိုဝင်ဘာလ ၂၀ရက်)က ယင်းကဲ့သို့ ပစ်ခဲ့ခြင်းဟုဒေသခံများကပြောသည်။