Connect with us

Hi, what are you looking for?

News

ရဲတပ်ဖွဲ့အင်အားနည်းလာ၍ ရဲဌာန(၆)ခုထက်မနည်းဖျက်သိမ်းရန် စစ်ကောင်စီ ပြင်ဆင်

“CDM လုပ်တာလည်း များတယ်။ သေတာလည်းများတော့ အင်အား‌တော်တော်လျော့သွားတယ်။ဒါကြောင့် ဌာန ငါးခု ဒါမှမဟုတ် ‌ခြောက်ခုကို ဖျက်သိမ်းပြီး အဲဒီကရဲတပ်ဖွဲ့ဝင်တွေကို အခြားဌာနတွေမှာ ပြန်ထားဖို့ ဆွေးနွေးနေတယ်”ဟု ရဲမှူးကြီးတစ်ဦးက လူထု​နွေဦးသို့ပြောသည်။

(စစ်အာဏာရှင်စနစ်အလိုမရှိ​ကြောင်းငြိမ်းချမ်းစွာ ဆန္ဒပြ​နေ​​သောပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့​သောရဲတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ- NPR)

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖရိုဖရဲဖြစ်နေပြီး ရဲတပ်ဖွဲ့အင်အားလည်း စုဆောင်းမရတော့ဘဲ နည်းပါးလာသဖြင့် ရဲဌာန(၆)ခုထက်မနည်းကို ဖျက်သိမ်းရန် ပြင်ဆင်နေသည်ဟု တာဝန်ထမ်းဆောင်နေဆဲ ရဲမှူးကြီးအချို့ကပြောသည်။

“CDM လုပ်တာလည်း များတယ်။ သေတာလည်းများတော့ အင်အား‌တော်တော်လျော့သွားတယ်။ဒါကြောင့် ဌာန ငါးခု ဒါမှမဟုတ် ‌ခြောက်ခုကို ဖျက်သိမ်းပြီး အဲဒီကရဲတပ်ဖွဲ့ဝင်တွေကို အခြားဌာနတွေမှာ ပြန်ထားဖို့ ဆွေးနွေးနေတယ်”ဟု ရဲမှူးကြီးတစ်ဦးက လူထု​နွေဦးသို့ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲဦးစီးဌာန၊ ရဲရေးဌာန၊ရဲထောက်ဌာန၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ရဲလေ့ကျင့်ရေးဌာနကြီး၊ ဓါတုဗေဒစစ်ဆေးရေးဌာန၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ရဲလေ့ကျင့်ရေးကျောင်းများဟူ၍ ရှိသည်။

ယင်းတို့အနက်မှ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊
ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့်အမြန်လမ်းမကြီးရဲတပ်ဖွဲ့ကို ဖျက်သိမ်းရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အခုရက်ထဲတင် ဆွေးနွေးနေတယ်။ရေကြောင်းနဲ့လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့၊ရေနံမြေရဲ၊သစ်တောရဲနဲ့နှင့်အမြန်လမ်းရဲတပ်ဖွဲ့တို့ပါတယ်။ဘယ်လိုအတည်ပြုမယ်မသိသေးဘူး။ သတင်း‌ထွက်နေတဲ့ တပ်ဖွဲ့က ရဲ‌တွေတော့ စိတ်ညစ်နေကြတယ်”ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးကလည်း ပြောသည်။

မြန်မာနိင်ငံရဲတပ်ဖွဲ့တွင် မူလကတည်းက တပ်ဖွဲ့ဝင်အင်အားနည်းနေပြီး စစ်အာဏာသိမ်းပြီးနောက် CDMပြုလုပ်သွားသည့်ရဲတပ်ဖွဲ့ဝင် ထောင်ချီရှိလာခြင်း၊ ပြည်သူအား စစ်ကောင်စီအလိုကျသတ်ဖြတ်သည့်ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သုတ်သင်၍ အင်အားနည်းလာခြင်းတို့ကြောင့် ရဲတပ်ဖွဲ့သည် ဖရိုဖရဲဖြစ်နေသည်ဟု ရဲအရာရှိအချို့က ဝန်ခံသည်။

ရဲတပ်ဖွဲ့ မှ ယခင်ကတည်းကအင်အားနည်းပြီးဖွဲ့စည်းပုံမပြည်ခဲ့ဘဲ တစ်သိန်း​ကျော်လိုအပ်​သော်လည်း ရှစ်​​သောင်းခန့်သာရှိသည်။ ထို​အ​ခြေအ​နေတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာပြည်သူနှင့် ပူး​ပေါင်းသွား​သောရဲတပ်ဖွဲ့ဝင်နှင့် PDF များက သုတ်သင်ရှင်းလင်း​သောရဲတပ်ဖွဲ့ဝင်မှာ တစ်​သောင်း​ကျော်ရှိလာသဖြင့် ရဲအင်အားသိသိသာသာ​လျော့ပါးလာခြင်းဖြစ်သည်။

အကြမ်းဖက်စက်ကောင်စီသည် နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ရဲတပ်ဖွဲ့၏ပုံရိပ်ကိုပါ ဖျက်ဆီးနေသည်ဟုဆိုကာ ရဲအရာရှိအချို့က ပြစ်တင်ဝေဖန်​​လာကြသည်။ထိြအ​ခြေအ​နေတွင်တာဝန်ထမ်း‌ဆောင်နေရသည်မှာ အဆင်မပြေဟု ၎င်းတို့က ဆိုသည်။

“ပြည်သူ‌‌တွေကို စဖြိုခွင်းတော့ စစ်သားတွေက ရဲယူနီဖောင်းတွေယူဝတ်ပြီး အကြမ်းဖက်ခဲ့တယ်။ ကျွန်မဆိုရင် ယောက္ခမအသိုင်းအဝိုင်းကပါ အပတ်အသက်မလုပ်တော့ဘူး။မတူသလို မတန်သလိုဆက်ဆံခံနေရတယ်။ ပင်စင်ယူကာနီးပြီမို့လည်း ထိန်းနေရတာ”ဟု ဒုရဲမှူးအဆင့်ရှိ ရဲမေတစ်ဦးကသူ၏ အ​တွေ့အကြုံကို ပြောသည်။

ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က ခွဲခြားဆက်ဆံနေသလို စစ်ကောင်စီအား မထောက်ခံသည့် ရဲအရာရှိကြီးအချို့နှင့်ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးလာသဖြင့် ရဲတပ်ဖွဲ့ဝင်များအား စိတ်ဓာတ်ကျစေသည်ဟု အထက်ပါရဲမေကပြောသည်။

အာဏာသိမ်းမှုအားဆန့်ကျင်သည်ဟုဆိုကာမှုခင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဇော်ဝင်း၊ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နွယ်ဦးအပါအဝင် ရဲအရာရှိအချို့ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားသည်။

Non CDM ရဲများအား စစ်ကောင်စီကဖိနှိပ်မှုမျာဆက်တိုက်ပြုလုပ်နေပြီး အယုံကြည်မရှိရဲတော့ဘဲဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်နေသည်ဟု CDM ရဲတပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားသည့် Myanmar Police CDM Channel – MPCC ကလည်းထုတ်ပြန်ထားသည်။

ဒုရဲမှူးကြီး ဇော်ဝင်းနှင့် ဒုရဲမှူးကြီး အောင်နွယ်ဦး တို့မှာ စစ်တပ်မှအသွင်ပြောင်းများမဟုတ်ဘဲ ရဲစစ်စစ်ဒုရဲမှူးကြီးများဖြစ်ကြောင်း၊လွန်ခဲ့သည့်တစ်ပတ်ခန့်က တပ်တွင်းဖရဲသီး၏ သတင်းပေးပို့ချက်အရ အကြမ်းဖက်စစ်ကောင်စီသည် ရဲများအား ယုံကြည်မှုမရှိဘဲ မျက်ခြေမပြတ်စောင့်ကြည့်နေကြကြောင်း၊ စရဖ များအနေဖြင့် နယ်မြေသတင်းများနှင့် ဖမ်းဆီးရေးဆောင်ရွက်ရာတွင်လည်း သတင်းချပြပေါင်းစပ်မှုမရှိဘဲ အရပ်သားသတင်းပေးများမွေးမြူကာ ရဲများအား ပြန်လည်စောင့်ကြည့်ခြင်းများပြုလုပ်နေသည်ဟု MPCCက သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။