Connect with us

Hi, what are you looking for?

News

လူသားဒိုင်းအဖြစ်ပြုလုပ်မှု သတိပြုရန်နှင့် မြို့နယ်ရှိ ပြည်သူများ လိုက်နာရမည့်အချက်များ ဝက်လက် PDF ထုတ်ပြန်

ဝက်လက်မြို့နယ် ကျောက်တိုင်ရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ကတည်းက ဝင်ရောက်လာကာ ရွာသူ၊ ရွာသား ၅၀ထက်မနည်း ကျေးရွာ ဘုန်းကြီးကျောင်း၌ ဖမ်းဆီးထားပြီး ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

(ဝက်လက် PDFမှ ရဲ​ဘော်များကို ​တွေ့ရစဥ်၊ဓာတ်ပုံ - ဝက်လက် PDF)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ်ပြုလုပ်မှုကို သတိပြုရှောင်ရှားရန် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မတ်လ ၂ရက်မှ စတင်ကာ ညနေ ၆နာရီမှ ​နောက်တစ်​နေ့ နံနက် ၆နာရီအတွင်း ညပိုင်းအချိန် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါရန်နှင့် လမ်းဘေး ဝဲ ၊ယာ အမှိုက်များမီးရှို့ခြင်း၊ ညအချိန် လယ်ကွင်းများတွင် ရေပေးရေယူ ပြုလုပ်ခြင်းများဆောင်ရွက်ခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း၊ ပြုလုပ်မိပါက ဖြစ်လာမည့်အကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ကြောင်း ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။

ထို့အပြင် မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက်လာခဲ့ပါက လူသားဒိုင်း အဖြစ် အသုံးပြုခံမဖြစ်စေရေးအတွက် ဝေးဝေးက ရှောင်ကြရန်အထူးသတိပေးအပ်ပါသည်ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင် အမှတ်(၁) တပ်ရင်းက သတိပေးသည်။

ဝက်လက်မြို့နယ် ကျောက်တိုင်ရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ကတည်းက ဝင်ရောက်လာကာ ရွာသူ၊ ရွာသား ၅၀ထက်မနည်း ကျေးရွာ ဘုန်းကြီးကျောင်း၌ ဖမ်းဆီးထားပြီး ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။