Connect with us

Hi, what are you looking for?

News

ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၅ရွာကို စစ်ကောင်စီတပ် ဝင်စီးပြီး ​ဒေသခံပြည်သူများအား သတ်ဖြတ်

ဖေဖော်ဝါရီ ၂၈ရက်နှင့် မတ်လ ၁ရက်တို့တွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ သင်တောရွာ၊ ရွှေဘိုရွာ၊ ကံတိုးရွာ၊စမ်းမြို့ရွာနှင့် မြင်သားကုန်း​ကျေးရွာတို့ကို စစ်ကောင်စီတပ်များဝင်ရောက် အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

▪️ပစ္စည်းများ လုယူပြီး နေအိမ်များလည်း မီးရှို့ဖျက်ဆီး

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီးပြည်သူလူထု နေအိမ်များကို မီးရှို့ခြင်း၊ ရွာသူ၊ရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းဒေသခံက ပြောသည်။

ဖေဖော်ဝါရီ ၂၈ရက်နှင့် မတ်လ ၁ရက်တို့တွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ သင်တောရွာ၊ ရွှေဘိုရွာ၊ ကံတိုးရွာ၊စမ်းမြို့ရွာနှင့် မြင်သားကုန်း​ကျေးရွာတို့ကို စစ်ကောင်စီတပ်များဝင်ရောက် အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သင်တောရွာဆိုရင် အားလုံးကုန်သလောက်ဖြစ်သွားပြီ။ စန်းမြို့ကလည်း ကုန်ပြီ။ ရွှေဘိုမှာလည်း မီးရှို့တယ်။သူတို့ကပစ္စည်းတွေပါအားလုံးတိုက်သွားတာ။စျေးဆိုင်တွေကပါတိုက်သွားတာ။ တိုက်ပွဲမဖြစ် ဘဲဝင်ကြတာ။ မြင်သား ကုန်းရွာလည်းပါတယ်။အဲဒါ က ၁ရက်နေ့ကဝင်တာ။ ကျွန်မတို့မြင်သား ကစျေးဆိုင်တွေဖောက်သွားတယ်။ အိမ်မီးလောင်ပြာကျတာနှစ်အိမ်။ကုန်းရွာမှာကျတော့အိမ်ခြေက ၄၀ ကျော်လောက်။အားလုံးလောင်သွားတယ်။ဝက်တွေလည်း မီးလောင်သွားတယ်”ဟု ဂန့်ဂေါဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဝင်ရောက်စဉ် စစ်ကောင်စီတပ် သတ်ဖြတ်၍ အသက်ဆုံးရှုံးခဲ့ရသည့်ဒေသခံများ၊ ပျောက်ဆုံးနေသူများ ရှိပြီးစာရင်းပြုစုနေဆဲဖြစ်သည်ဟု ဆိုသည်။

ယောဒေသဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများကူညီရေး ကော်မတီမှ ထုတ်ပြန်သည့် အချက်အလက်များအရ ဖေဖော်ဝါရီ ၂၈ရက်မီးရှို့ခံရမှုကြောင့် သင်တောရွာ အိမ်ခြေ ၂၀၀ကျော်၊ ရွှေဘိုရွာမှ အိမ်ခြေ ၂၀ကျော်၊ စမ်းမြို့ရွာမှ အိမ်ခြေ ၂၀ မီးလောင်ပျက်စီးခဲ့သည်ဟုဆိုသည်။ ကံတိုးရွာ၌ မီးလောင်သည့် နေအိမ်များကို စာရင်း ပြုစုနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ် သတ်ဖြတ်မှုကြောင့် ရွှေဘိုနှင့်ကံတိုးမှ ဒေသခံ ၂၀ခန့် သေဆုံးခဲ့ကြောင်း၊မြင်သားရွာမှ တစ်ဦး သေဆုံးခဲ့ကြောင်း ယောဒေသသဆိုင်ရာစစ်ဘေးရှောင်ပြည် သူများကူညီရေးကော်မတီက ထုတ်ပြန်သည်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့် လူများ၏ အချက်အလက်များကိုလည်း ဆက်လက်ရှာဖွေ မှတ်တမ်းပြုလျက်ရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။