Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်တာနက်လိုင်း ဖြတ်တောက်ပြီးနောက် စစ်​ကောင်စီတပ် ဒီပဲယင်း၌ စစ်ကြောင်းထိုးပြီး ပြည်သူကိုးဦးကို မီးရှို့သတ်ဟုဆို

ဒီပဲယင်းညီနောင်များအဖွဲ့၏ ယနေ့(မတ် ၄)နံနက်ထုတ်ပြန်ချက်အရ ဒေသခံပြည်သူကိုးဦးအား စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဖုန်းသတင်းဖြင့် အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် အင်တာနက်လိုင်းများဖြတ်တောက်ခံရပြီးနောက် ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ဒီပဲယင်းညီနောင်များအဖွဲ့၏ ယနေ့(မတ် ၄)နံနက်ထုတ်ပြန်ချက်အရ ဒေသခံပြည်သူကိုးဦးအား စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဖုန်းသတင်းဖြင့် အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

ယမန်နေ့(မတ် ၃)ည ၁၁နာရီတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရပြီး ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်မှ စိုင်းပြင်မြို့အရှေ့ဘက်ရှိ မင်းဆွေနှစ်ကျေးရွာအား ဝင်ရောက်စီးနင်း၍ ပြည်သူအချို့ကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Free Rangers – Depryin အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက အတည်ပြုသည်။

“လောလောဆယ် ကျွန်တော်တို့ ချိတ်ဆက်ရသလောက် ကင်းသမားခုနှစ်ဦး မီးရှို့အသတ်ခံရတယ်လို့တော့ သိထားတယ်။ ထပ်မံစုံစမ်းနေဆဲပဲ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် အင်တာနက်လိုင်းများဖြတ်တောက်ခြင်းကို ယမန်နေ့(မတ် ၃)ည ၁၁ နာရီက စတင်လုပ်ဆောင်ခဲ့ရာ တစ်တိုင်းလုံးတွင် စစ်ကိုင်း၊ ကလေး၊ မုံရွာနှင့် ရွှေဘို စသည့်မြို့နယ်လေးခုသာ အင်တာနက်လိုင်းရရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။