Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းအခြေစိုက် အောင်ဆန်းတပ်ဖွဲ့မှ သင်တန်းသားခေါ်ယူ

သင်တန်းသားသစ်ခေါ်ယူထားသော အောင်ဆန်းတပ်ဖွဲ့သည် အနောက်မြောက်ဒေသဖြစ်သော စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည်။

စစ်ကိုင်းတိုင်းအခြေစိုက် အောင်ဆန်းတပ်ဖွဲ့မှ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ Aung San Force-ASFမှ သင့်အားအလိုရှိသည် ခေါင်းစဥ်ဖြင့် သင်တန်းသားအသစ်များ ခေါ်ယူထားသည်။

လျှောက်ထားလိုသူများအတွက် အချက်(၆)ချက်သတ်မှတ်ထားပြီး ၎င်းတို့တွင် အသက်(၁၈)နှစ်မှ(၄၅) နှစ်အတွင်းရှိသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သူ၊ သင်တန်းပြီးဆုံးပါက အောင်ဆန်းတပ်ဖွဲ့တွင် ပါဝင်နိုင်သူ စသည့်အချက်များ ပါဝင်သည်။

“ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မည့် တော်လှန် ရေးတွင် အပျော်သက်သက်မဟုတ် လက်တွေ့ကျကျ အင်တိုက် အားတိုက်ပါဝင်ဖို့ ဆုံးဖြတ်ထားသူများ၊ တော်လှန်ခရီးလမ်းတွင် ရင်ဆိုင်ကြုံတွေ့လာရမည့် အခက်အခဲ အကြပ်အတည်းများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း အာဏာရှင် စနစ်ဆိုး အမြစ်ကျိုးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု စိတ်ပိုင်းဖြတ်ထားသူများသာ ဆက်သွယ်ပါ”ဟု ASFက အသိပေးသည်။

ထို့အပြင် လျှောက်ထားလိုသူများလိုက်နာရမည့်အချက်များတွင် ကျွမ်းကျင်မှုအလိုက်ပေးအပ်သော လက်နက်အား ကိုင်ဆောင်နိုင်သူ၊ အောင်ဆန်းတပ်ဖွဲ့တွင် နှစ်နှစ်တာဝန်ထမ်းဆောင်နိုင်သူ စသည့်အချက်များပါဝင်သည်။

Public Service Announcement

Public Service Announcement

သင်တန်းသားသစ်ခေါ်ယူထားသော အောင်ဆန်းတပ်ဖွဲ့သည် အနောက်မြောက်ဒေသဖြစ်သော စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။