Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကိုင်းတိုင်းအခြေစိုက် အောင်ဆန်းတပ်ဖွဲ့မှ သင်တန်းသားခေါ်ယူ

သင်တန်းသားသစ်ခေါ်ယူထားသော အောင်ဆန်းတပ်ဖွဲ့သည် အနောက်မြောက်ဒေသဖြစ်သော စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည်။

စစ်ကိုင်းတိုင်းအခြေစိုက် အောင်ဆန်းတပ်ဖွဲ့မှ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ Aung San Force-ASFမှ သင့်အားအလိုရှိသည် ခေါင်းစဥ်ဖြင့် သင်တန်းသားအသစ်များ ခေါ်ယူထားသည်။

လျှောက်ထားလိုသူများအတွက် အချက်(၆)ချက်သတ်မှတ်ထားပြီး ၎င်းတို့တွင် အသက်(၁၈)နှစ်မှ(၄၅) နှစ်အတွင်းရှိသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သူ၊ သင်တန်းပြီးဆုံးပါက အောင်ဆန်းတပ်ဖွဲ့တွင် ပါဝင်နိုင်သူ စသည့်အချက်များ ပါဝင်သည်။

“ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မည့် တော်လှန် ရေးတွင် အပျော်သက်သက်မဟုတ် လက်တွေ့ကျကျ အင်တိုက် အားတိုက်ပါဝင်ဖို့ ဆုံးဖြတ်ထားသူများ၊ တော်လှန်ခရီးလမ်းတွင် ရင်ဆိုင်ကြုံတွေ့လာရမည့် အခက်အခဲ အကြပ်အတည်းများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း အာဏာရှင် စနစ်ဆိုး အမြစ်ကျိုးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု စိတ်ပိုင်းဖြတ်ထားသူများသာ ဆက်သွယ်ပါ”ဟု ASFက အသိပေးသည်။

ထို့အပြင် လျှောက်ထားလိုသူများလိုက်နာရမည့်အချက်များတွင် ကျွမ်းကျင်မှုအလိုက်ပေးအပ်သော လက်နက်အား ကိုင်ဆောင်နိုင်သူ၊ အောင်ဆန်းတပ်ဖွဲ့တွင် နှစ်နှစ်တာဝန်ထမ်းဆောင်နိုင်သူ စသည့်အချက်များပါဝင်သည်။

Public Service Announcement

Public Service Announcement

သင်တန်းသားသစ်ခေါ်ယူထားသော အောင်ဆန်းတပ်ဖွဲ့သည် အနောက်မြောက်ဒေသဖြစ်သော စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

သတင်း

ဒီပဲယင်းနှင့် ပုလဲနယ်စစ်ဆင်ရေးများနှင့် ပတ်သက်၍ ဒေသတွင်းPDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

ပုလဲမြို့နယ်တွင် ကာလရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် နောက်‌​ကြောင်းပြန်ခေါက်လာပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ဦးတည်နေကြောင်း သိရသည်။

သတင်း

ကသာမြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ၂ရက်)က ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်မြို့မှ တက်လာသည့် စစ်ကောင်စီရေယာဉ်ကို တိုက်ခိုက်ရာ ပြန်မပစ်ဘဲ မောင်းနှင်ထွက်ပြေးသွားသည်ဟု ကသာမြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။