Connect with us

Hi, what are you looking for?

News

ပြည်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ဘန်နာချိတ်ဆွဲသည်ဆိုကာ လူငယ်​လေးဦးကို စစ်​ကောင်စီ မတရားဖမ်းဆီး

“တခြားပစ္စည်းတွေလဲဒီနေ့ထပ်လာသယ်ပါတယ်၊အိမ်အမိုးတွေကိုလဲ ညကလာဖျက်စီးသွားပါတယ်တဲ့၊အိမ်မှာ အမေအိုကြီးနဲ့ ကလေးလေးတွေ ရှိနေပါသေးတယ်” ဟု ၎င်းက ပြောသည်။

(ပြည်မြို့နာရီစင်၌ ဘန်နာချိတ်ဆွဲထားသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - Pyay Underground News)

ပဲခူးတိုင်း ပြည်မြို့လယ် နာရီစင်အပါအဝင်​​နေရာအချို့၌ စစ်အာဏာရှင်ဆန့်ကျင်​ရေး ဘန်နာချိတ်ဆွဲသည်ဆိုကာ မတ်လ၄ရက်တွင် အကြမ်းဖက်စစ်ကောင်စီက လူငယ်လေးဦးကို မတရားဖမ်းဆီးခဲ့ကြောင်း Pyay Underground News -PUGN မှတာဝန်ရှိသူတစ်ဦးက လူထု​နွေဦးသို့ ပြောသည်။

“လူငယ် ​လေးယောက်ပါသွားပါတယ်။ ရဲဘော်နှစ်ယောက် ရဲမေနှစ်ယောက်ပါ။ ဘန်နာချိတ်ပြီး အိမ်ကိုပြန်ရောက်မှဝင်ဖမ်းတာပါ”ဟု ၎င်းက ပြောသည်။

မတ်လ ၄ ရက်က ပြည်မြို့လယ်ရှိ နာရီစင်အပါအဝင်နေရာအချို့၌ PUGN နှင့် Shadow (Pyay Defence) တို့ပူးပေါင်း၍ ” ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင် တွန်းလှန်တိုက်ပွဲအောင်လံထူကြ လွှင့်ကြ”၊ “ပြည်သူတွေက လက်န က်မပါလဲတိုက်ရဲတယ် မင်းတို့သတ္တိရှိရင် လက်န က်မပါဘဲလာခဲ့ကြ” စသည့်စာသားများနှင့် ဘန်နာများချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ချိတ်ဆွဲသည့်အပေါ် ဒလံသတင်းပေးမှုကြောင့် လူငယ်များဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လူငယ်များ၏ ဖုန်းနှင့် ဆိုင်ကယ်များကိုလည်း သိမ်းသွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“တခြားပစ္စည်းတွေလဲဒီနေ့ထပ်လာသယ်ပါတယ်၊အိမ်အမိုးတွေကိုလဲ ညကလာဖျက်စီးသွားပါတယ်တဲ့၊အိမ်မှာ အမေအိုကြီးနဲ့ ကလေးလေးတွေ ရှိနေပါသေးတယ်” ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်း၌ ပြည်မြို့သို့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်လာရောက်မည့် သတင်းများထွက်ပေါ်နေပြီး ယခင်ထက်လုံခြုံရေးများပိုချထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။