Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ဘန်နာချိတ်ဆွဲသည်ဆိုကာ လူငယ်​လေးဦးကို စစ်​ကောင်စီ မတရားဖမ်းဆီး

“ တခြားပစ္စည်းတွေလဲဒီနေ့ထပ်လာသယ်ပါတယ်၊အိမ်အမိုးတွေကိုလဲ ညကလာဖျက်စီးသွားပါတယ်တဲ့၊အိမ်မှာ အမေအိုကြီးနဲ့ ကလေးလေးတွေ ရှိနေပါသေးတယ်” ဟု ၎င်းက ပြောသည်။

(ပြည်မြို့နာရီစင်၌ ဘန်နာချိတ်ဆွဲထားသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - Pyay Underground News)

ပဲခူးတိုင်း ပြည်မြို့လယ် နာရီစင်အပါအဝင်​​နေရာအချို့၌ စစ်အာဏာရှင်ဆန့်ကျင်​ရေး ဘန်နာချိတ်ဆွဲသည်ဆိုကာ မတ်လ၄ရက်တွင် အကြမ်းဖက်စစ်ကောင်စီက လူငယ်လေးဦးကို မတရားဖမ်းဆီးခဲ့ကြောင်း Pyay Underground News -PUGN မှတာဝန်ရှိသူတစ်ဦးက လူထု​နွေဦးသို့ ပြောသည်။

“ လူငယ် ​လေးယောက်ပါသွားပါတယ်။ ရဲဘော်နှစ်ယောက် ရဲမေနှစ်ယောက်ပါ။ ဘန်နာချိတ်ပြီး အိမ်ကိုပြန်ရောက်မှဝင်ဖမ်းတာပါ” ဟု ၎င်းက ပြောသည်။

မတ်လ ၄ ရက်က ပြည်မြို့လယ်ရှိ နာရီစင်အပါအဝင်နေရာအချို့၌ PUGN နှင့် Shadow (Pyay Defence) တို့ပူးပေါင်း၍ ” ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင် တွန်းလှန်တိုက်ပွဲအောင်လံထူကြ လွှင့်ကြ” ၊ “ ပြည်သူတွေက လက်န က်မပါလဲတိုက်ရဲတယ် မင်းတို့သတ္တိရှိရင် လက်န က်မပါဘဲလာခဲ့ကြ” စသည့်စာသားများနှင့် ဘန်နာများချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ချိတ်ဆွဲသည့်အပေါ် ဒလံသတင်းပေးမှုကြောင့် လူငယ်များဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လူငယ်များ၏ ဖုန်းနှင့် ဆိုင်ကယ်များကိုလည်း သိမ်းသွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ တခြားပစ္စည်းတွေလဲဒီနေ့ထပ်လာသယ်ပါတယ်၊အိမ်အမိုးတွေကိုလဲ ညကလာဖျက်စီးသွားပါတယ်တဲ့၊အိမ်မှာ အမေအိုကြီးနဲ့ ကလေးလေးတွေ ရှိနေပါသေးတယ်” ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်း၌ ပြည်မြို့သို့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်လာရောက်မည့် သတင်းများထွက်ပေါ်နေပြီး ယခင်ထက်လုံခြုံရေးများပိုချထားကြောင်း သတင်းရရှိသည်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။