Connect with us

Hi, what are you looking for?

News

နှစ်ရက်ဆက် သုံးကြိမ်တိုင်တိုက်ပွဲဖြစ်ရာ စစ်​ကောင်စီတပ် ​သေဆုံးမှုများပြားဟု မြိုင် PDF​ပြော

“သူတို့ဘက်က ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေထိခိုက်ကျဆုံးတာမရှိပါဘူး”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

(၂၀၂၁ မတ်လ ၁၁ရက်က မြိုင်မြို့နယ်တွင် ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည့် ပြည်သူများကို ​တွေ့ရစဥ်)

မကွေးတိုင်း မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက် သုံးကြိမ်တိုင် ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများနိုင်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မတ်လ ၅ ရက် မွန်းလွဲ ၁ နာရီခန့်က ကျားတက်-လင်းကတောလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ၈ စီးပါ ယာဥ်တန်းအား မိုင်းအလုံး ၃၀ဖြင့်တိုက်ခိုက်ခဲ့ရာ ကား ၂စီး ပျက်စီးကာ အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးနိုင်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

​ယမန်နေ့(မတ်လ ၆ ရက်)နေ့လယ် ၁ နာရီခွဲခန့်ကလည်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အဖွဲ့ခွဲ မြေခွေး ပြောက်ကျားတပ်ဖွဲ့မှ မြိုင်မြို့ အနောက်ဖက် ပြည်သူများအား ဒုက္ခပေးနေသော အကြမ်းဖက်စစ်တပ် ၏ စစ်ဆေးရေးဂိတ်အား ပြောက်ကျားဝင်ရောက်ပစ်ခတ်ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ထို့အပြင် ယမန်နေ့ ညနေ ၃ နာရီခန့်တွင်လည်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရွှေဓါးဗိုလ်နှင့် KG တပ်ဖွဲ့သည် ပခုက္ကူလမ်း စီမံခန့်ခွဲရေးရုံးတွင် တပ်စွဲနေသော အကြမ်းဖက်စစ်တပ်အား လက်လုပ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ ၆လုံး ထိရောက်စွာ ပစ်ခတ်နိုင်ခဲ့ပြီး အထိအခိုက်စုံစမ်းဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှု သုံး ကြိမ်လုံးတွင် ပြည်သူ့ဘက်တော်သားများ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“သူတို့ဘက်က ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေထိခိုက်ကျဆုံးတာမရှိပါဘူး”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြည်သူများအနေဖြင့် စစ်​ကောင်စီတပ်သားများနှင့် နီးကပ်စွာမနေကြရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။