Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်တွင် ဖေဖော်ဝါရီအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးသုံးဦးအပါအဝင် ၁၃၀ကျော်သေ

ဖာပွန်ခရိုင်းအတွင်း တိုက်ပွဲများ၌ အပြစ်မဲ့ပြည်သူလေးဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ဖေဖော်ဝါရီအတွင်း စစ်ကောင်စီမှလက်နက်ကြီး ၃၆၅ကြိမ်၊ စစ်လေယာဉ် ၁၀ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်(မူတြော်)ခရိုင်တွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး သုံးဦး အပါအဝင် ၁၃၆ဦးသေဆုံးပြီး ၁၀၄ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီအတွင်း KNU မူတြော်ခရိုင် တပ်မဟာ(၅) နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရင်ဆိုင် တိုက်ပွဲ ၃၁၃ ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ KNU ဗဟို၏ ထုတ်ပြန်ချက်တွင် KNU တပ်မဟာ(၅)နယ်မြေ အပါ အဝင် KNU အုပ်ချုပ်ရေးနယ်မြေ အားလုံး၌ ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၂၉၈ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြရာ တိုက်ပွဲအရေအတွက် အနည်းငယ်ကွဲလွဲနေသည်။

ဖာပွန်ခရိုင်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးသူများထဲတွင် ဗိုလ်ကြီးသုံးဦး နှင့် တပ်ကြပ်ကြီး သုံးဦး ပါဝင်ကြောင်း၊ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲတွင် တပ်မဟာ(၅)ဘက်မှ ၁၁ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ KNU တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး KNU ဗဟို၏ ထုတ်ပြန်ချက်တွင် တပ်ဖွဲ့ဝင် ​ခြောက်ဦးကျဆုံးကာ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားရာ ယင်းအရေအတွက်မှာလည်း ကွဲလွဲနေသည်။

ဖာပွန်ခရိုင်းအတွင်း တိုက်ပွဲများ၌ အပြစ်မဲ့ပြည်သူလေးဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ဖေဖော်ဝါရီအတွင်း စစ်ကောင်စီမှလက်နက်ကြီး ၃၆၅ကြိမ်၊ စစ်လေယာဉ် ၁၀ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တစ်လအတွင်း စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေး စစ်မော်တော်ယာဉ် ငါးစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟုဖော်ပြထားသည်။

KNU တပ်မဟာများအနက် တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်