Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်ခရိုင်တွင် ဖေဖော်ဝါရီအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးသုံးဦးအပါအဝင် ၁၃၀ကျော်သေ

ဖာပွန်ခရိုင်းအတွင်း တိုက်ပွဲများ၌ အပြစ်မဲ့ပြည်သူလေးဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ဖေဖော်ဝါရီအတွင်း စစ်ကောင်စီမှလက်နက်ကြီး ၃၆၅ကြိမ်၊ စစ်လေယာဉ် ၁၀ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်(မူတြော်)ခရိုင်တွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး သုံးဦး အပါအဝင် ၁၃၆ဦးသေဆုံးပြီး ၁၀၄ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီအတွင်း KNU မူတြော်ခရိုင် တပ်မဟာ(၅) နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရင်ဆိုင် တိုက်ပွဲ ၃၁၃ ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ KNU ဗဟို၏ ထုတ်ပြန်ချက်တွင် KNU တပ်မဟာ(၅)နယ်မြေ အပါ အဝင် KNU အုပ်ချုပ်ရေးနယ်မြေ အားလုံး၌ ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၂၉၈ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြရာ တိုက်ပွဲအရေအတွက် အနည်းငယ်ကွဲလွဲနေသည်။

ဖာပွန်ခရိုင်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးသူများထဲတွင် ဗိုလ်ကြီးသုံးဦး နှင့် တပ်ကြပ်ကြီး သုံးဦး ပါဝင်ကြောင်း၊ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲတွင် တပ်မဟာ(၅)ဘက်မှ ၁၁ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ KNU တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး KNU ဗဟို၏ ထုတ်ပြန်ချက်တွင် တပ်ဖွဲ့ဝင် ​ခြောက်ဦးကျဆုံးကာ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားရာ ယင်းအရေအတွက်မှာလည်း ကွဲလွဲနေသည်။

ဖာပွန်ခရိုင်းအတွင်း တိုက်ပွဲများ၌ အပြစ်မဲ့ပြည်သူလေးဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ဖေဖော်ဝါရီအတွင်း စစ်ကောင်စီမှလက်နက်ကြီး ၃၆၅ကြိမ်၊ စစ်လေယာဉ် ၁၀ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တစ်လအတွင်း စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေး စစ်မော်တော်ယာဉ် ငါးစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟုဖော်ပြထားသည်။

KNU တပ်မဟာများအနက် တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။