Connect with us

Hi, what are you looking for?

News

ဒေသတွင်း​​တော်လှန်း​ရေးအဖွဲ့ ၈ဖွဲ့​ပေါင်း၍ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်​ပေါင်းစု ဖွဲ့စည်း

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုအချိန်ထိ စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို တစ်စိုက်မတ်မတ် တော်လှန်တိုက်ခိုက်နေသော ပခုက္ကူအခြေစိုက် ဒေသတွင်း UG အဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းလိုက်ခြင်းဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်ကောင်စီကိုခုခံတိုက်ခိုက်နေသည့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရှစ်ဖွဲ့ ပူးလိုက်ပြီး ပခုက္ကူ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းလိုက်​ကြောင်း​ ကြေညာသည်။

ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF)၊Young Force- UG၊Pakokku Generation Z၊Earthquake People’s Defence Force-UG၊ပခုက္ကူတော်လှန်ရေးတပ်ဦး(PRF)၊Pakokku Rangers၊ RSO၊ Burma Revolution Rangers တို့ စုစည်းကာ မြို့နယ်ပြည့်သူကာကွယ်ရေးတပ်ပေါင်းစု (ပခုက္ကူမြို့နယ်)မတ်လ ၆ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်​ကြောင်း ယ​နေ့(မတ် ၇) ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုအချိန်ထိ စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို တစ်စိုက်မတ်မတ် တော်လှန်တိုက်ခိုက်နေသော ပခုက္ကူအခြေစိုက် ဒေသတွင်း UG အဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းလိုက်ခြင်းဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

နိုင်ငံတော်၏အချုပ်အခြာအာဏာကို အဓမ္မသိမ်းယူထားသော အကြမ်းဖက်စစ်တပ်၊ရဲ ၊စကစလက်ကိုင်တုတ်ပျူစောထီးများအား စုပေါင်းအားဖြင့် တွန်းလှန်တိုက်ခိုက်သွားရန်၊တော်လှန်ရေးအင်အားစုများ အတူပူပေါင်း၍ ပြည့်သူ့ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ပြည်သူ လူထု ခက်ခဲနေချိန် ခိုးဆိုးလုယက်မှုများ လောင်းကစားအမှုများအားကာကွယ်တားဆီးနိုင်စေရန်နှင့် ထိုက်သင့်​သော ပြစ်ဒဏ်ပေးရန်၊သင့်တော်သည့်အချိန်တွင် မြို့မိမြို့ဖများ အသိပညာရှင် အတတ်ပညာရှင်များအားဖိတ်ခေါ်၍ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်သည်ဟုလည်း ရှင်းလင်းထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီဒေါက်တိုင်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု ၏အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအားထိပါးနှောက်ယှက်ခြင်းမပြုရန်လည်းသတိပေးထားသည်။

ပြည်သူလူထုအနေဖြင့် မဟာမိတ်တပ်ပေါင်းစု၏ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးလုပ်ငန်းစဉ်များ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဝန်းရံ၍ မြို့နယ်တွင်းအုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်ရေးအတွက် ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည် ။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ခဲယမ်းအများအပြားနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်းရရှိ