Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေသတွင်း​​တော်လှန်း​ရေးအဖွဲ့ ၈ဖွဲ့​ပေါင်း၍ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်​ပေါင်းစု ဖွဲ့စည်း

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုအချိန်ထိ စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို တစ်စိုက်မတ်မတ် တော်လှန်တိုက်ခိုက်နေသော ပခုက္ကူအခြေစိုက် ဒေသတွင်း UG အဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းလိုက်ခြင်းဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်ကောင်စီကိုခုခံတိုက်ခိုက်နေသည့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရှစ်ဖွဲ့ ပူးလိုက်ပြီး ပခုက္ကူ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းလိုက်​ကြောင်း​ ကြေညာသည်။

ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF)၊Young Force- UG၊Pakokku Generation Z၊Earthquake People’s Defence Force-UG၊ပခုက္ကူတော်လှန်ရေးတပ်ဦး(PRF)၊Pakokku Rangers၊ RSO၊ Burma Revolution Rangers တို့ စုစည်းကာ မြို့နယ်ပြည့်သူကာကွယ်ရေးတပ်ပေါင်းစု (ပခုက္ကူမြို့နယ်)မတ်လ ၆ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်​ကြောင်း ယ​နေ့(မတ် ၇) ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုအချိန်ထိ စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို တစ်စိုက်မတ်မတ် တော်လှန်တိုက်ခိုက်နေသော ပခုက္ကူအခြေစိုက် ဒေသတွင်း UG အဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းလိုက်ခြင်းဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

နိုင်ငံတော်၏အချုပ်အခြာအာဏာကို အဓမ္မသိမ်းယူထားသော အကြမ်းဖက်စစ်တပ်၊ရဲ ၊စကစလက်ကိုင်တုတ်ပျူစောထီးများအား စုပေါင်းအားဖြင့် တွန်းလှန်တိုက်ခိုက်သွားရန်၊တော်လှန်ရေးအင်အားစုများ အတူပူပေါင်း၍ ပြည့်သူ့ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ပြည်သူ လူထု ခက်ခဲနေချိန် ခိုးဆိုးလုယက်မှုများ လောင်းကစားအမှုများအားကာကွယ်တားဆီးနိုင်စေရန်နှင့် ထိုက်သင့်​သော ပြစ်ဒဏ်ပေးရန်၊သင့်တော်သည့်အချိန်တွင် မြို့မိမြို့ဖများ အသိပညာရှင် အတတ်ပညာရှင်များအားဖိတ်ခေါ်၍ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်သည်ဟုလည်း ရှင်းလင်းထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီဒေါက်တိုင်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု ၏အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအားထိပါးနှောက်ယှက်ခြင်းမပြုရန်လည်းသတိပေးထားသည်။

ပြည်သူလူထုအနေဖြင့် မဟာမိတ်တပ်ပေါင်းစု၏ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးလုပ်ငန်းစဉ်များ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဝန်းရံ၍ မြို့နယ်တွင်းအုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်ရေးအတွက် ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည် ။

ဆက်စပ်သတင်းများ

သတင်း

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှထွက်လာပြီး မတ်လ ၂၃ ရက်တွင် ကမ္မမြို့သို့ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်" ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

သတင်း

Southern YSO PDFသည် ထပ်မံ၍ လက်နက်အပ်အလင်းဝင်ရောက်မည့် စစ်ကောင်စီတပ်သားများအား နွေးထွေးစွာကြိုဆိုနေကြောင်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်က ပေါက်မြို့နယ်မြောက်ပိုင်းတွင် အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။