စက်တင်ဘာ – ၆ ၊၂၀၂၆/People’s Spring
မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။
အဲဒီရွာတွေဟာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းအစပ်မှာတည်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာလ ၄ ရက် ၊မနက်ပိုင်း ၁၁ နာရီဝန်းကျင် မှာ စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသားနှစ်ဦး၊အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement
ဒါအပြင် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သလ်ို နေအိမ်အချို့လည်း ထိခိုက်ပျက်ဆီးခဲ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့စက်တပ်လေထီးတွေဟာ မန္တလေး တိုင်း၊ညောင်ဦးလေဆိပ်ကနေ တက်လာတာလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ယူဆကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့စာရင်းအရပြီးခဲ့တဲ့သြဂုတ်လတစ်လအတွင်းမှာတင်နိုင်ငံတဝှမ်းမှာအာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာအကြိမ်ရေ ၅၀၀ ကျော်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့အရပ်ဘက်ပစ်မှတ်တွေကိုတိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုလေ့ရှိပါတယ်။


















































