Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခေါင်းဆောင် လူမြင်ကွင်းရှေ့ကနေ တစ်ပတ်ကျော်ကြာ ပျောက်နေ

စစ်ကောင်စီ ခေါင်းဆောင်ဟာ အာဏာသိမ်းတဲ့ ရက်ကစပြီး အခုလိုမျိုး ရက်အတန်ကြာ လူမြင်ကွင်းရှေ့ကနေ ပျောက်နေတာမျိုး မရှိခဲ့ပါဘူး။

ဖေဖော်ဝါရီလ ၂၇ ရက်က စစ်ကောင်စီခေါင်းဆောင်ကိုတွေ့ရစဉ်

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဟာ လူမြင်ကွင်းရှေ့ကနေ ပျောက်နေတာဟာ မနေ့က မတ်လ ၇ ရက်အထိဆိုရင် ရက်သတ္တပတ် တစ်ပတ်ကျော်ကြာ ရှိလာပါပြီ။

စစ်ကောင်စီ ခေါင်းဆောင်ဟာ အာဏာသိမ်းတဲ့ ရက်ကစပြီး အခုလိုမျိုး ရက်အတန်ကြာ လူမြင်ကွင်းရှေ့ကနေ ပျောက်နေတာမျိုး မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘာသာရေး အခမ်းအနားကို စစ်ကောင်စီခေါင်းဆောင်တက်ရောက်ခဲ့ပြီးနောက် မတ်လ ၇ ရက်အထိ လူမြင်ကွင်းရှေ့ကနေ ပျောက်နေတာပါ။

စစ်ခေါင်းဆောင်ဟာ ကိုဗစ်ကူးစက်ခံထားရသလို ခါးနာဝေဒနာ ခံစားနေရတယ်ဆိုတဲ့အတည်မပြု နိုင်သေးတဲ့ သတင်းတွေလည်းထွက်နေပါတယ်။ လူထုနွေဦးသတင်းဌာနကအနေနဲ့တော့ ဒီအချက်တွေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခေါင်းဆောင် လူမြင်ကွင်းကနေ ပျောက်နေတဲ့အချိန်မှာ အာဏာသိမ်း ဒုတိယ စစ်ခေါင်းဆောင်က အစည်းအဝေးတွေကို ဦးစီးကျင်းပနေတာတွေ့ရပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ၂၀၂၁ ဖေ​ဖော်ဝါရီ ၁၈ က​နေ ၂၇ အထိ ဆယ်ရက်ကြာ လူမြင်ကွင်းက​ပျောက်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။