အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဟာ လူမြင်ကွင်းရှေ့ကနေ ပျောက်နေတာဟာ မနေ့က မတ်လ ၇ ရက်အထိဆိုရင် ရက်သတ္တပတ် တစ်ပတ်ကျော်ကြာ ရှိလာပါပြီ။
စစ်ကောင်စီ ခေါင်းဆောင်ဟာ အာဏာသိမ်းတဲ့ ရက်ကစပြီး အခုလိုမျိုး ရက်အတန်ကြာ လူမြင်ကွင်းရှေ့ကနေ ပျောက်နေတာမျိုး မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘာသာရေး အခမ်းအနားကို စစ်ကောင်စီခေါင်းဆောင်တက်ရောက်ခဲ့ပြီးနောက် မတ်လ ၇ ရက်အထိ လူမြင်ကွင်းရှေ့ကနေ ပျောက်နေတာပါ။
စစ်ခေါင်းဆောင်ဟာ ကိုဗစ်ကူးစက်ခံထားရသလို ခါးနာဝေဒနာ ခံစားနေရတယ်ဆိုတဲ့အတည်မပြု နိုင်သေးတဲ့ သတင်းတွေလည်းထွက်နေပါတယ်။ လူထုနွေဦးသတင်းဌာနကအနေနဲ့တော့ ဒီအချက်တွေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီခေါင်းဆောင် လူမြင်ကွင်းကနေ ပျောက်နေတဲ့အချိန်မှာ အာဏာသိမ်း ဒုတိယ စစ်ခေါင်းဆောင်က အစည်းအဝေးတွေကို ဦးစီးကျင်းပနေတာတွေ့ရပါတယ်။
စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ကနေ ၂၇ အထိ ဆယ်ရက်ကြာ လူမြင်ကွင်းကပျောက်ခဲ့ဖူးပါတယ်။