Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ်က ကျေးရွာအချို့ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၍ ဒေသခံများ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စည်လှောင်ရွာနှင့်အနီးတဝိုက် ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း ရှာဖွေမှုများ လုပ်ဆောင်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စည်လှောင်ရွာခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

“မနေ့ညတုန်းက ကျောင်းကို အိပ်သွားတာ အင်အား ၅၀နဲ့ ၇၀ကြားရှိမယ်။ သူတို့က နယ်မြေရှင်း လင်းရေးလာတယ်ပြောတာပဲ။ မနက် ၅နာရီခွဲတော့ သူတို့ ပြန်ထွက်သွားတယ်။ ရွာကလူတွေကတော့ မရှိဘူး အကုန်ထွက်ပြေးကြတာ။ အခု မနက် ၅နာရီခွဲတော့ ကျောင်းကနေ ပြန်ထွက်သွားပြီးတော့ ကျောင်းတောင်ဘက်မှာ ပစ်ခတ်သံတွေ ကြားတယ်။ မီးခိုးလုံးတွေလည်း မြင်ရတယ်။ ရှောင်တဲ့တဲတွေမီးရှို့ခံရတယ်ထင်တယ်။ ရွာကနေ ကြောက်ပြီး ရွာ့အပြင်ဘက်မှာ တဲတွေထိုးပြီးနေ ကြတာရှိတယ်။ အဲဒါတွေကို ဒီကောင်တွေ PDF ထင်ပြီး အကုန်မီးရှို့ပစ်လား မသိဘူး”ဟု ၎င်းက ပြောသည်။

ယခင်က အဆိုပါ စည်လှောင်ဒေသသို့ စစ်ကောင်စီတပ် ဝင်ရောက်မှု မရှိခဲ့ကြောင်း၊ ယခု စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ ဒေသခံများ ဒုက္ခကြုံတွေ့နေကြရကြောင်း စည်လှောင်​ကျေးရွာခံက ပြောသည်။

ထို့ပြင် မတ်လ ၇ရက်က ယင်းမာပင်ခရိုင် ညောင်ပင်ကြီးဒေသရှိ စစ်ကောင်စီသတင်းပေး ဒလန်လေးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရှင်းလင်းခဲ့ရာ အဆိုပါဒေသသို့ စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ဝင်ရောက်လာကြောင်း ယင်းမာပင်နယ်ခံတစ်ဦးက ပြောသည်။

“မနေ့က ၁၀နာရီဝန်းကျင်လောက်မှာ ပျူ၊ဒလန် ​လေးယောက်ကို ရှင်းလိုက်တာ။ ပျူဒလန် ​လေးယောက်ထဲမှာ ဆားလင်းကြီးက ဒုရဲအုပ်၊ ရဲမေရဲ့ အဖေပါတယ်။ သူတို့က တော်လှန်ရေးအင်အားစုတွေကို အကုန်လိုက်ဖော်ထုတ်နေတာပေါ့။ ရှင်းတာက ငါးယောက်ကို တစ်ယောက်လွတ်သွားတာ။ နောက်ဆက်တွဲက ဘာဖြစ်လာလဲဆိုတော့ စစ်ကောင်စီ အင်အား ၃၀လောက်က ညောင်ပင်ကြီးကိုလာပြီး အိုမာထန်းတောကို မွှေတယ် နှောက်တယ် ပစ္စည်းတွေရှာတယ် မီးရှို့တာပေါ့”ဟု ယင်းမာပင် နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ယင်းမာပင်မြို့နယ် ချင်းပုန်းရွာ နှင့် အနီးတဝိုက်ကျေးရွာများသို့ရဟတ်ယာဉ်ဖြင့် ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်၊ ကားနှင့် ဆိုင်ကယ်များစွာကို မီးရှို့ဖျက်ဆီးခြင်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။