Connect with us

Hi, what are you looking for?

News

အလုံမြို့ရှိ ယာဥ်ထိန်းရုံး၊ Skywave KTV နှင့် Club မိုင်းခွဲ တိုက်ခိုက်ခံရ

ထပ်မံ၍လည်း စစ်ကောင်စီ​ထောက်တိုင်များ၊ အဖွဲ့အစည်းများနှင့် တော်လှန်ရေး အားနည်းအောင်ဆွဲဆောင်ပြုလုပ်ဖျက်ဆီး​‌စေသောနေရာများကို ထိရောက်စွာတိုက်ခိုက်​ချေမှုန်းမည်ဟု Dark Shadow အဖွဲ့က ထုတ်ပြန်ထားသည်။

▪️ပြည်သူများစစ်ကောင်စီအဆောက်အဦး၊ ဘန်ကာ၊ စစ်​​ကောင်စီလက်​​အောက်ခံအဖွဲ့အစည်းများနှင့် ဝေးဝေးမှ သွားလာကြရန် Dark Shadowအဖွဲ့ ​ပြော

ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ယာဉ်ထိန်းရဲကင်းတဲ နှင့် စစ်ကောင်စီကို အခွန်ဆောင်နေသည့် SKYWAY Club နှင့် KTV ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က သတင်းထုတ်ပြန်သည်။

ယ​နေ့ (မတ်လ ၈ ရက်) ည ၈ နာရီခွဲခန့်တွင် အလုံမြို့နယ် ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းတဲ ၊ Control Box နှင့် အကြမ်းဖက်စစ်ကောင်စီကို ကျည်ဖိုးအဖြစ်ပြောင်းလဲစေကာ အခွန်ပေးဆောင်နေကာ Night Lifeများတွင် လူငယ်များကို မူးယစ်ဆေးဝါး၊အပျော်ပါးများဖြင့် တော်လှန်ရေး မပါဝင်အောင် အမျိုးမျိုးဆွဲဆောင်နေသော Clubနှင့် Barများထဲမှ SKYWAY CLUB & KTVကို တိုက်ခိုက်ခဲ့ကြောင်း အသိ​ပေးထုတ်ပြန်ထားသည်။

“ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီ အဆောက်အဦး၊ဘန်ကာ ၊ အဖွဲ့အစည်းများနဲ့ ဝေးဝေးကွာကွာမှ သွားလာကြဖို့နဲ့ တော်လှန်ရေးအင်အားပိုမိုကောင်းမွန်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မြို့ပြ​ပြောက်ကျား တပ်ဖွဲ့များကို တတ်နိုင်တဲ့အားလေးနဲ့တော်လှန်ပါဝင်လှူဒါန်းပြီး ဂရုစိုက်ဖို့လေးပြောချင်ပါတယ်ဗျ “ဟု Dark Shadow မှ တာဝန်ရှိသူတစ်ဦးက​ People’s Springသို့ ပြော သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွင် Dark Shadow အဖွဲ့သားများအားလုံး​​ဘေးအန္တရာယ်ကင်းရှင်း​ကြောင်းလည်း ၎င်းကဆက်​ပြောသည်။

ထပ်မံ၍လည်း စစ်ကောင်စီ​ထောက်တိုင်များ၊ အဖွဲ့အစည်းများနှင့် တော်လှန်ရေး အားနည်းအောင်ဆွဲဆောင်ပြုလုပ်ဖျက်ဆီး​‌စေသောနေရာများကို ထိရောက်စွာတိုက်ခိုက်​ချေမှုန်းမည်ဟု Dark Shadow အဖွဲ့က ထုတ်ပြန်ထားသည်။

မတ်လ ၈ ရက် နေ့လယ်ကလည်း စစ်ကောင်စီကို အခွန်ဆောင်ကာပျော်ပါးနေသည့် Brave Bar ကို Justice Bringer Force- JBF က ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့အရှေ့မြို့ပတ်လမ်းက KTV တစ်ခုအနီးမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

သေဆုံးသူမှာ ကျားဖြန့်သံသယဖြင့်တရုတ်ကဝရမ်းထုတ်ထား​သော ဝတပ်ဖွဲ့အရာရှိ​ဟောင်း အိုက်​ဟော့​၏ ညီဟုသတင်းထွက်​ပေါ်