Connect with us

Hi, what are you looking for?

LuduNwayOo

News

အလုံမြို့ရှိ ယာဥ်ထိန်းရုံး၊ Skywave KTV နှင့် Club မိုင်းခွဲ တိုက်ခိုက်ခံရ

ထပ်မံ၍လည်း စစ်ကောင်စီ​ထောက်တိုင်များ၊ အဖွဲ့အစည်းများနှင့် တော်လှန်ရေး အားနည်းအောင်ဆွဲဆောင်ပြုလုပ်ဖျက်ဆီး​‌စေသောနေရာများကို ထိရောက်စွာတိုက်ခိုက်​ချေမှုန်းမည်ဟု Dark Shadow အဖွဲ့က ထုတ်ပြန်ထားသည်။

▪️ပြည်သူများစစ်ကောင်စီအဆောက်အဦး၊ ဘန်ကာ၊ စစ်​​ကောင်စီလက်​​အောက်ခံအဖွဲ့အစည်းများနှင့် ဝေးဝေးမှ သွားလာကြရန် Dark Shadowအဖွဲ့ ​ပြော

ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ယာဉ်ထိန်းရဲကင်းတဲ နှင့် စစ်ကောင်စီကို အခွန်ဆောင်နေသည့် SKYWAY Club နှင့် KTV ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က သတင်းထုတ်ပြန်သည်။

ယ​နေ့ (မတ်လ ၈ ရက်) ည ၈ နာရီခွဲခန့်တွင် အလုံမြို့နယ် ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းတဲ ၊ Control Box နှင့် အကြမ်းဖက်စစ်ကောင်စီကို ကျည်ဖိုးအဖြစ်ပြောင်းလဲစေကာ အခွန်ပေးဆောင်နေကာ Night Lifeများတွင် လူငယ်များကို မူးယစ်ဆေးဝါး၊အပျော်ပါးများဖြင့် တော်လှန်ရေး မပါဝင်အောင် အမျိုးမျိုးဆွဲဆောင်နေသော Clubနှင့် Barများထဲမှ SKYWAY CLUB & KTVကို တိုက်ခိုက်ခဲ့ကြောင်း အသိ​ပေးထုတ်ပြန်ထားသည်။

“ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီ အဆောက်အဦး၊ဘန်ကာ ၊ အဖွဲ့အစည်းများနဲ့ ဝေးဝေးကွာကွာမှ သွားလာကြဖို့နဲ့ တော်လှန်ရေးအင်အားပိုမိုကောင်းမွန်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မြို့ပြ​ပြောက်ကျား တပ်ဖွဲ့များကို တတ်နိုင်တဲ့အားလေးနဲ့တော်လှန်ပါဝင်လှူဒါန်းပြီး ဂရုစိုက်ဖို့လေးပြောချင်ပါတယ်ဗျ “ဟု Dark Shadow မှ တာဝန်ရှိသူတစ်ဦးက​ People’s Springသို့ ပြော သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွင် Dark Shadow အဖွဲ့သားများအားလုံး​​ဘေးအန္တရာယ်ကင်းရှင်း​ကြောင်းလည်း ၎င်းကဆက်​ပြောသည်။

ထပ်မံ၍လည်း စစ်ကောင်စီ​ထောက်တိုင်များ၊ အဖွဲ့အစည်းများနှင့် တော်လှန်ရေး အားနည်းအောင်ဆွဲဆောင်ပြုလုပ်ဖျက်ဆီး​‌စေသောနေရာများကို ထိရောက်စွာတိုက်ခိုက်​ချေမှုန်းမည်ဟု Dark Shadow အဖွဲ့က ထုတ်ပြန်ထားသည်။

မတ်လ ၈ ရက် နေ့လယ်ကလည်း စစ်ကောင်စီကို အခွန်ဆောင်ကာပျော်ပါးနေသည့် Brave Bar ကို Justice Bringer Force- JBF က ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လုံးခင်းကျေးရွာ၊ (၁) ရပ်ကွက်မှာရှိတဲ့ Green City KTV ဆိုင်ကို ညပိုင်း ၁၀ နာရီခန့်မှာ ဆိုင်ကယ် နဲ့ အမျိုးသား ၂ ဦး ရောက်လာပြီး ဆိုင်မန်နေဂျာကို ပစ်ခတ်သွားတာလို့ အဲဒီသတင်းရင်းမြစ်က ပြောပြပါတယ်။

သတင်း

ယမန်နေ့ညပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က စစ်ကောင်စီအခြေစိုက်နေရာ KTV ကို ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဟု သိရသည်။

သတင်း

ဇူလိုင် ၁၈ရက် နံနက်အစောပိုင်း ၁နာရီ ခွဲခန့်တွင် ဗန်းမော်မှ - နမ့်ဆန်ယာဉ်သို့လာသည့် စစ်ကူယာဉ် လေးစီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

လုပ်ငန်းလိုင်စင်ကို အကြောင်းပြခြင်းသည် ဆိုင်များကို ဖျော်ဖြေရေးလိုင်စင်လုပ်ဆောင်ရန် ဖိအားပေးခြင်းဖြစ်နိုင်ကြောင်း ကမာရွတ်မြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။