Connect with us

Hi, what are you looking for?

သတင်း

အလုံ ဆင်မင်းဈေးကားမှတ်တိုင်မှာ YBS ယာဉ်တိုက်လို့ အမျိုးသမီး ၁ဦး သေဆုံး

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ကြီးလေးကြီး)

ဇူလိုင်-၁၄၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

ဒီနေ့ (ဇူလိုင်၁၄)မနက်က အောက်ကြည့်မြင်တိုင်လမ်းမပေါ် ‌ဆင်မင်းဈေးမှတ်တိုင်မှာ ရပ်နေတဲ့ အသက်ကြီးပိုင်း အမျိုးသမီးကို YBS-144 က တိုက်ခဲ့တာဖြစ်ပြီး ကားအောက်ကိုရောက်နေတဲ့ အမျိုးသမီးကို ကယ်ဆယ်ကာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ကြီးလေးကြီးက အခင်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။

“အဖွားအိုအား ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ရာတွင်ဆေးရုံ၌ ဆရာဝန်များစမ်းသပ်ရာ အသက်မပါကြောင်းသိရှိရပါသည် ။” လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူရဲ့ ဖုန်းနဲ့မိသားစုကို ဆက်သွယ်ပြီး သေဆုံးသူရဲ့ ဖုန်းအပါအဝင် ပိုက်ဆံနဲ့ပစ္စည်းတွေကို မိသားစုကို အပ်နှံပေးခဲ့တယ်လို့ ကြီးလေးကြီးက ဆိုပါတယ်။

YBS-144 ယာဉ်တွေက အမောင်းကြမ်းပြီး အဲဒီ့နေရာက ယာဉ်တိုက်မှုတွေဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“YBS ကားတွေ အတော်ဆိုးနေပြီ ။ထိရောက်စွာနဲ့ အရေးယူကြပါ။အဲနေရာ ခဏခဏ ဖြစ်တယ်နော်။ စိတ်မကောင်းဘူး ” လို့ ဒေသခံတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်မှာ YBS ယာဉ်တွေက စည်းကမ်းပိုင်းလိုက်နာမှု အားနည်းသလို ကြပ်မတ်မှုတွေ မရှိတာကြောင့် ဒီလိုဖြစ်စဉ်တွေ ကြုံနေရတာလို့ ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။

ဒီနေ့ မနက်က ရန်ကုန်မြို့ သိမ်ဖြူလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာလည်း အောက်ဆိုက်ပြေး‌ဆွဲတဲ့ လိုက်ထရပ်ယာဉ်တစ်စီးတိမ်းမှောက်တာကြောင့် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊လှိုင်မြို့နယ် ရွာမကွေ့ မှတ်တိုင်မှာ YBS(၂၂)တစ်စီး မီးခိုးတွေထွက်လာလို့ ကားတံခါးချက်ချင်းဖွင့်မပေးတာကြောင့် ခရီးသည်တွေက ကားပေါ်ကဆင်းဖို့ မှန်တွေရိုက်ခွဲဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာဒီနေ့ (မေ ၁၁ ရက်)မနက်ပိုင်းက YBS ကားတက်ကြိတ်မိပြီးသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့သူတွေထံကသိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု‌တွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။

သတင်း

ဒလတံတားပေါ်ကနေ ပြေးဆွဲနေတဲ့ YBSကား ကြမ်းခင်းပေါက်ကနေ (၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ပြုတ်ကျပြီး သေ‌ဆုံးသွားတယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။