Connect with us

Hi, what are you looking for?

News

မကွေး-ချင်းအစပ်က ကန်ပက်လက် CDF နှင့်တိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးခန့်သေ

၁နာရီကျော်ခန့်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ ငါးဦးခန့်သေဆုံးပြီး ၉ဦးခန့်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီများအပြေးအလွှားနေရာယူရင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသည် နင်းမိုင်းအတော်များများကိုနင်းမိ ခဲ့၍ စစ်ကောင်စီတပ်ဘက်မှ အထိနာလျက်ရှိသည်ဟု ဖော်ပြထားသည်။

(ကန်ပက်လက် CDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အစပ်ရှိ ကချောင်းရွာထိပ်တွင် ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ငါးဦးခန့်သေဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ချင်းကာ ကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

ယ​နေ့(မတ်လ ၉ရက်) နံနက် ၁၀နာရီခွဲခန့်တွင် တိုက်ပွဲစတင်ခဲ့ရာ စစ်ကောင်စီတပ်ကို ကန်ပက်လက် CDFနှင့် ယောဒေသကာကွယ်ရေးတပ်တို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

၁နာရီကျော်ခန့်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ ငါးဦးခန့်သေဆုံးပြီး ၉ဦးခန့်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီများအပြေးအလွှားနေရာယူရင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသည် နင်းမိုင်းအတော်များများကိုနင်းမိ ခဲ့၍ စစ်ကောင်စီတပ်ဘက်မှ အထိနာလျက်ရှိသည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တစ်စုံတစ်ရာထိခိုက်မှု မရှိ၊ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ရိက္ခာပို့သွားတဲ့ ဟာတွေက ပြန်လာတဲ့အခါ ကြားဖြတ်ပြီးတော့ ကျွတ်တော်က လမ်းခုလတ်က တိုက်ခိုက်တာပေါ့။ ချင်းတောင်ပေါ်အလာတုန်းကတော့ အင်အား ၃၀၀လောက်ပါတယ်။ အာ့တာကို ကြားဖြတ်တိုက်ခိုက်တော့၊ အကျအဆုံးကော ကျင်းဒွေးမြို့မှာလဲ အင်အားထားခဲ့တာရှိတယ်။ အခုက အင်အား ၈၀လောက်ပဲ ကျန်တော့တာကို ဖြတ်တိုက်တာပါ”ဟု CDF-ကန်ပက်လက် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါဒေသတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ ကန်ပက်လက်မြို့တွင်း အင်အားအဆမတန် ဖြည့်တင်းခြင်းများဆက်တိုက်ပြုလုပ်နေ၍ အချိန်မရွေး၊နေရာမရွေး တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် ကန်ပက်လက် CDF၏ ထုတ်ပြန်ချက်များကို အလေးထားလိုက်နာကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။