Connect with us

Hi, what are you looking for?

News

စစ်ယာဉ်တန်းကို KIAနှင့် ဟိုပင် PDF ပူးပေါင်းတိုက်ခိုက်ရာ ယာဉ်ငါးစီးပျက်စီးပြီး စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေ

စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူများပြားကြောင်း ၊ KIA/PDF ပူးပေါင်းတပ်ဖွဲ့မှ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဟိုပင် PDFက ထုတ်ပြန်သည်။

ကချင်ပြည်နယ် မိုးညှင်းမှ မိုးကောင်းမြို့သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ် ရေးတပ်မတော်(KIA)နှင့် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ဟိုပင် PDFက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၈ရက်) ညပိုင်းတွင် တင့်ကားပါဝင်သော စစ်ကောင်စီ၏ ဆီဘောက်ဆာကားများနှင့် စစ်ကောင်စီယာဉ်တန်းအား KIAနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ နမ္မနှင့် တောင်နီကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ဆီဘောက်ဆာကားတစွစီးနှင့် အနည်းဆုံး စစ်ကောင်စီယာဉ်တန်း ​လေးစီးထက်မနည်း ပျက်စီးမီးလောင်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူများပြားကြောင်း ၊ KIA/PDF ပူးပေါင်းတပ်ဖွဲ့မှ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဟိုပင် PDFက ထုတ်ပြန်သည်။

မိုးညှင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် ယာဉ်တန်းကို KIAနှင့် PDF ပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်မှ အထိနာခဲ့ပြီး PDF အချို့လည်း ကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။