Connect with us

Hi, what are you looking for?

News

ကော့ကရိတ်၌ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း အာရှလမ်း ကော့ကရိတ်အပိုင်းကို လက်ရှိ အခြေအနေ၌ ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေးထားသည်။ လမ်းပေါ်၌ တိုက်ပွဲဖြစ်နေ၍ ပြည်သူများ ထိခိုက်မှု မဖြစ်စေရန် သတိထားနိုင်ရန် အတွက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

​ရေဆံခွန်အနီးတွင် ကုန်တင်ကား တစ်စီးမီးရှို့ခံထားရစဥ်၊ ဓာတ်ပုံ - CJ

▪️စစ်ရေးအခြေအနေကြောင့် အာရှလမ်း၌ ပြည်သူများ ခရီးသွားလာရန်မသင့်ဟု ဒေသခံပြော

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက် ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ကတည်းက ကော့ကရိတ်မြို့နယ် ကော့နွယ်အုပ်စုရှိ အာရှလမ်း တဝိုက်တိုက်ပွဲများဖြစ်ပွားနေသည်ဟုဆိုသည်။ ယနေ့တွင် အာရှလမ်းပိုင်း ကော့ကရိတ်ဘက်ခြမ်း တောနော် ရေတံခွန်အနီးတွင် ကုန်တင်ကား အချို့ မီးရှို့ခံထားရကြောင်းလည်း ခရီးသွားအချို့ ဓာတ်ပုံများ ဖော်ပြသည်။

​ရေဆံခွန်အနီးတွင် ကုန်တင်ကား တစ်စီးမီးရှို့ခံထားရစဥ်၊ ဓာတ်ပုံ – CJ

“မနေ့က နေရာမှာပဲ။ ရေတံခွန်ရဲ့ အောက်ဘက်မှာကျမှာပေါ့။ ရေတံခွန် အနီးအနားတဝိုက်ပြောရမှာပေါ့ အဲဒီမှာ စစ်ကြောင်းထိုးနေတယ် ထိုးနေတော့ ပစ်ခတ်မှုတွေဖြစ်တယ်။ ရွာသစ်ကတော့ တချို့တဝက်ထွက်ပြေးနေပြီ။ ကော့နွယ်အုပ်စုကတော့ အကုန်လုံးထွက်ပြေး နေတာပေါ့။ အရင်ကတည်းက သူတို့လည်း ပြန်နေလို့မရသေးဘူးလေ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ကားတစ်စီးတိုက်ခိုက်ခံရ၍ မီးလောင်သွားသည်ဟု သိရကြောင်း၊ အသေးစိတ်မသိရသေးကြောင်း ၎င်းကဆိုသည်။

“စစ်ရေးက ပိုပြီးတော့ ပြင်းထန်လာနိုင်တဲ့ အနေအထားတစ်ခုအပေါ်မှာ ဖြစ်နေတာပေါ့။ နောက် တစ်ခုက ခရီးသွားပြည်သူတွေ ဒီလမ်းကြောင်းကို မသွားသင့်တဲ့ အခြေအနေ ဖြစ်လာပြီပေါ့။ ဒီအာရှလမ်းကို လုံး၀ သွားလို့ မသင့်တဲ့အကြောင်းဖြစ်လာပြီ”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

လတ်တလောတွင် စစ်ရေးသတင်းမရသေးသူများ ခရီးသွားလာမှုရှိနေကြောင်း ၎င်းက ဆိုသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း အာရှလမ်း ကော့ကရိတ်အပိုင်းကို လက်ရှိ အခြေအနေ၌ ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေးထားသည်။ လမ်းပေါ်၌ တိုက်ပွဲဖြစ်နေ၍ ပြည်သူများ ထိခိုက်မှု မဖြစ်စေရန် သတိထားနိုင်ရန် အတွက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကော့ကရိတ်ဒေသနှင့် လေးကေ့ကော်ဒေသရှိ စစ်ကောင်စီတပ်များ သုံးရက်အတွင်း ဆုတ်ခွာရန် KNU ဒူးပလာယာခရိုင်က မတ်လ ၇ရက်တွင် စစ်ကောင်စီထံ စာပို့ထားပြီးနောက် မတ်လ ၁၁ရက်မှစ၍ အဆိုပါ ဒေသ၌ တိုက်ပွဲ ပြန်လည်ဖြစ်ပွားကာ စစ်ကောင်စီတပ်က အင်အားများဖြည့်တင်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း