Connect with us

Hi, what are you looking for?

News

ဝက်လက်နယ်တွင် ​ထောင်ထားသည့်မိုင်းလာဖြုတ်သည့် ပျူ​ခေါင်း​ဆောင် မိုင်းခွဲခံရပြီးသေဟု နတ်​တောင်နဂါးတပ်​ပြော

ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှေ့ခြမ်းနှင့် အနောက်ခြမ်း နှစ်ပိုင်းခွဲကာ ခုခံတိုက်ခိုက်နေကြပြီး အလယ်ပိုင်းရှိ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင်လည်း ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်တပ်၏ယာဥ်များအား မိုင်းခွဲကာ မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရန် ထောင်ထားသည့်မိုင်းအား လာရောက်ဖြုတ်သည့် ပျူစောထီး​ခေါင်း​ဆောင်တစ်ဦး မိုင်းခွဲခံရ၍ သေဆုံးခဲ့ကြောင်း နတ်တောင်နဂါး (ပ.က.ဖ)​​ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

ယမန်နေ့ (မတ်လ ၁၂ ရက်) ညနေ ၃နာရီခွဲခန့်ကဝက်လက်မြို့နယ်အရှေ့ပိုင်း သရိုင်-မင်းကုန်းအထွက်လမ်းတွင် ဝက်လက်မြို့မှ ပျူစောထီး​ခေါင်း​ဆောင် ဖိုးခိုင်ဆိုသူသည် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အတူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသော မိုင်းအား လာဖြုတ်စဉ် အဝေးထိန်း စနစ်ဖြင့် ဖေါက်ခွဲ၍ ခုခံတိုက်ခိုက်ခဲ့ရာ ဖိုးခိုင်ဆိုသူ သေဆုံးခဲ့ကြောင်း နတ်တောင်နဂါး (ပ.က.ဖ)​ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါဖောက်ခွဲမှုအား နတ်တောင်နဂါး(ပ.က.ဖ)ပျောက်ကြားတပ်ဖွဲ့နှင့် ဝက်လက်မြို့နယ် (တပ်ရင်း .၁၅)၊ GHOST RIDER Special Task Force BURMA အဖွဲ့မှ ရဲဘော်များ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နတ်တောင်နဂါး (ပ.က.ဖ)​ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီ အလိုကျ စစ်တပ်နှင့်ပူးပေါင်းပြီး စစ်တပ်ခိုင်းသမျှ လုပ်ဆောင်ပေးနေသော ဒလန်နှင့် ပျူများအား ရပ်တန်းကရပ်ကာ ပြည်သူနှင့်ပူးပေါင်းရန်၊ ပြည်သူနှင့်မပူးပေါင်းဘဲ စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ဆောင်နေပါက ဖိုးခိုင်သွားရာလမ်းအတိုင်း ပို့ဆောင်ပေးမည်ဟု နတ်တောင်နဂါး (ပ.က.ဖ)ပျောက်ကြားတပ်ဖွဲ့မှ ဗိုလ်စနေက သတိပေးသည်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှေ့ခြမ်းနှင့် အနောက်ခြမ်း နှစ်ပိုင်းခွဲကာ ခုခံတိုက်ခိုက်နေကြပြီး အလယ်ပိုင်းရှိ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင်လည်း ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်တပ်၏ယာဥ်များအား မိုင်းခွဲကာ မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာ စိတ်ဝေဒနာရှင် အမျိုးသမီးကို မီးရှို့သတ်ဖြတ်ကာ ကျေးရွာအတွင်းက ပစ္စည်းတွေ လုယူသွားတဲ့ စစ်တပ်နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေ တိုက်ပွဲပြင်းထန် နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ရွာတွေကို တပ်စွဲထားတဲ့ စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး - လားရှိုး ရထားလမ်းပိုင်းပေါ်က ကမ္ဘာကျော်ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှု ဒီကနေ့(ဩဂုတ် ၂၄ရက်)နံနက်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။